လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး နော်ထူးဖော၏ ကိုယ်ရေးအကျဉ်း

လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး နော်ထူးဖော၏ ကိုယ်ရေးအကျဉ်း

အမျိုးသားညီညွှတ်ရေးအစိုးရအဖွဲ့၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခံရသူ နော်ထူးဖောမှာ အသက် ၃၈နှစ်အရွယ် ကရင်အမျိုးသမီး ဖြစ်ပြီး စစ်ရေးပဋိပက္ခနယ်မြေရှိ ကျေးရွာတစ်ရွာတွင် မွေးဖွားခဲ့သူ ဖြစ်သည်။

ရွာရှိ ကိုယ်ထူကိုယ်ထ မူလတန်းကျောင်းတွင် လေးတန်းအထိ အောင်မြင်ခဲ့ပြီးနောက် မွန်ပြည်နယ်၊ သထုံမြို့တွင် ဆက်လက် ပညာသင်ကြားကာ အထက်တန်းအောင်မြင်ခဲ့သည်။ အသက် ၁၈နှစ်အရွယ် ၂၀၀၁ခုနှစ်တွင် လုံခြုံရေးအရ ထိုင်း-မြန်မာနယ်စပ်ရှိ မယ်ရာမိုဒုက္ခသည်စခန်းသို့ ရောက်ရှိလာခဲ့သည်။ ၎င်းနောက် ကရင်အမျိုးသမီးအစည်းအရုံး (KWO)တွင် ပါဝင်လုပ်ဆောင်ခဲ့ပြီး အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံ(WLB)၏ Advocacy Team ၌လည်း ငါးနှစ်ကျော် ပါဝင်ကူညီခဲ့သည်။

၂၀၁၀နောက်ပိုင်းတွင် ကေအဲန်ယူ၏ ဒုဥက္ကဌဟောင်း ပဒိုနော်စီဖိုးရာစိန်နှင့် နည်းပညာပိုင်း အနီးကပ် ပံ့ပိုးပေးခဲ့ပြီး ၂၀၁၂ခုနှစ်မှစ၍ ကရင်ခေါင်းဆောင်များ၏ ငြိမ်းချမ်းရေးညှိနှိုင်းမှုလုပ်ငန်းစဉ်တွင် ပါဝင်ပေးခဲ့သူဖြစ်သည်။ သူမသည် အမျိုးသမီးအခွင့်အရေးကိစ္စများ၊ စစ်ဖြစ်ပွားနေသည့် ကရင်ဒေသများမှ လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။

နော်ထူးဖောသည် ၂၀၁၂ခုနှစ်တွင် ကနေဒါနိုင်ငံသို့ ဒုက္ခသည်အဖြစ် ရောက်ရှိခဲ့ပြီးနောက် Selkirk ကောလိပ်တွင် ငြိမ်းချမ်းရေးဆိုင်ရာ လေ့လာခဲ့ပြီး ကနေဒါရှိ Mennonite တက္ကသိုလ်၌ ဆက်လက် ပညာသင်ကြားခဲ့သည်။ ထို့အပြင် ကနေဒါနိုင်ငံ Royal Roads University မှ လူသားလုံခြုံရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်မှုဆိုင်ရာ မာစတာဘွဲ့ (Master of Arts in Human Security and Peace building) ရရှိသူဖြစ်သည်။ ၂၀၁၆ခုနှစ်တွင် Peace and Justice Studies Association မှ ပေးအပ်သော Next Generation Peacemaker Award ဆုကို ရရှိထားခဲ့သူဖြစ်သည်။

သူမသည် နွေရာသီတွင် နယ်စပ်ရှိ ဒုက္ခသည်စခန်းများသို့ ပြန်လည်ရောက်ရှိခဲ့သလို ကရင်လှုပ်ရှားမှု၏ နိုင်ငံရေးအဖွဲ့ နှင့် ပြန်လည်ချိတ်ဆက်ကာ မြန်မာနိုင်ငံအတွင်း ကရင်ပါတီများအကြား အသွင်ကူးပြောင်းရေးဆိုင်ရာနှင့် တရားမျှတမှု ဆိုင်ရာ အခြေခံမူများ ထည့်သွင်းရေးဆွဲရန် ခေါင်းဆောင်များနှင့်အတူ ပါဝင်ခဲ့သည်။

Photo: BGF
January 13, 2026
ဖားအံခရိုင်၊ လှိုင်းဘွဲ (ဖားအံ) မြို့နယ်ရှိ နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့၏ ဥဒေါင်းစခန်းနှင့်...
Photo: KNA
January 12, 2026
စစ်အုပ်စု၏အတုအယောင်ရွေးကောက်ပွဲ ဒုတိယပိုင်းတွင်ပါဝင်သည့် ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်ရှိ...
January 9, 2026
နယ်မြေထိန်းချုပ်မှု၊ အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ခံပြည်သူလူထုမရှိဘဲ အစိုးရ တစ်ရပ်တည်ဆောက်၍...
January 8, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ တောင်ကြော၊ ကျော်ဝါးဘိုး တောင်ကြောဘက်သို့...