လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး နော်ထူးဖော၏ ကိုယ်ရေးအကျဉ်း

လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး နော်ထူးဖော၏ ကိုယ်ရေးအကျဉ်း

အမျိုးသားညီညွှတ်ရေးအစိုးရအဖွဲ့၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခံရသူ နော်ထူးဖောမှာ အသက် ၃၈နှစ်အရွယ် ကရင်အမျိုးသမီး ဖြစ်ပြီး စစ်ရေးပဋိပက္ခနယ်မြေရှိ ကျေးရွာတစ်ရွာတွင် မွေးဖွားခဲ့သူ ဖြစ်သည်။

ရွာရှိ ကိုယ်ထူကိုယ်ထ မူလတန်းကျောင်းတွင် လေးတန်းအထိ အောင်မြင်ခဲ့ပြီးနောက် မွန်ပြည်နယ်၊ သထုံမြို့တွင် ဆက်လက် ပညာသင်ကြားကာ အထက်တန်းအောင်မြင်ခဲ့သည်။ အသက် ၁၈နှစ်အရွယ် ၂၀၀၁ခုနှစ်တွင် လုံခြုံရေးအရ ထိုင်း-မြန်မာနယ်စပ်ရှိ မယ်ရာမိုဒုက္ခသည်စခန်းသို့ ရောက်ရှိလာခဲ့သည်။ ၎င်းနောက် ကရင်အမျိုးသမီးအစည်းအရုံး (KWO)တွင် ပါဝင်လုပ်ဆောင်ခဲ့ပြီး အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံ(WLB)၏ Advocacy Team ၌လည်း ငါးနှစ်ကျော် ပါဝင်ကူညီခဲ့သည်။

၂၀၁၀နောက်ပိုင်းတွင် ကေအဲန်ယူ၏ ဒုဥက္ကဌဟောင်း ပဒိုနော်စီဖိုးရာစိန်နှင့် နည်းပညာပိုင်း အနီးကပ် ပံ့ပိုးပေးခဲ့ပြီး ၂၀၁၂ခုနှစ်မှစ၍ ကရင်ခေါင်းဆောင်များ၏ ငြိမ်းချမ်းရေးညှိနှိုင်းမှုလုပ်ငန်းစဉ်တွင် ပါဝင်ပေးခဲ့သူဖြစ်သည်။ သူမသည် အမျိုးသမီးအခွင့်အရေးကိစ္စများ၊ စစ်ဖြစ်ပွားနေသည့် ကရင်ဒေသများမှ လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။

နော်ထူးဖောသည် ၂၀၁၂ခုနှစ်တွင် ကနေဒါနိုင်ငံသို့ ဒုက္ခသည်အဖြစ် ရောက်ရှိခဲ့ပြီးနောက် Selkirk ကောလိပ်တွင် ငြိမ်းချမ်းရေးဆိုင်ရာ လေ့လာခဲ့ပြီး ကနေဒါရှိ Mennonite တက္ကသိုလ်၌ ဆက်လက် ပညာသင်ကြားခဲ့သည်။ ထို့အပြင် ကနေဒါနိုင်ငံ Royal Roads University မှ လူသားလုံခြုံရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်မှုဆိုင်ရာ မာစတာဘွဲ့ (Master of Arts in Human Security and Peace building) ရရှိသူဖြစ်သည်။ ၂၀၁၆ခုနှစ်တွင် Peace and Justice Studies Association မှ ပေးအပ်သော Next Generation Peacemaker Award ဆုကို ရရှိထားခဲ့သူဖြစ်သည်။

သူမသည် နွေရာသီတွင် နယ်စပ်ရှိ ဒုက္ခသည်စခန်းများသို့ ပြန်လည်ရောက်ရှိခဲ့သလို ကရင်လှုပ်ရှားမှု၏ နိုင်ငံရေးအဖွဲ့ နှင့် ပြန်လည်ချိတ်ဆက်ကာ မြန်မာနိုင်ငံအတွင်း ကရင်ပါတီများအကြား အသွင်ကူးပြောင်းရေးဆိုင်ရာနှင့် တရားမျှတမှု ဆိုင်ရာ အခြေခံမူများ ထည့်သွင်းရေးဆွဲရန် ခေါင်းဆောင်များနှင့်အတူ ပါဝင်ခဲ့သည်။

May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...