နှစ်ကူးအခါသမယ နိုင်ငံတဝှမ်းရှိ အကျဉ်းသား ၂၃,၀၀၀ ကျော်လွှတ်ပေး ခဲ့ရာ ဖားအံအကျဉ်းထောင်မှ ၄၀၀ ကျော် ပါဝင်။

နှစ်ကူးအခါသမယ နိုင်ငံတဝှမ်းရှိ အကျဉ်းသား ၂၃,၀၀၀ ကျော်လွှတ်ပေး ခဲ့ရာ ဖားအံအကျဉ်းထောင်မှ ၄၀၀ ကျော် ပါဝင်။

ယနေ့ ဧပြီလ ၁၇ ရက် နှစ်ဆန်း ၁ ရက်နေ့ မနက်ပိုင်းက နှစ်သစ်ကူး အခါသမယလွတ်ငြိမ်းသက်သာခွင့်ဖြင့် နိုင်ငံတဝှမ်းရှိ အကျဉ်းထောင်များမှ ထောင်ကျအကျဉ်းသား ၂၃, ၀၀၀ ကျော် လွှတ်ပေးမည်ဖြစ်ရာ ဖားအံမြို့ တောင်ကလေးအကျဉ်းထောင်မှ အကျဉ်းသား ၄၀၀ ကျော် ပါဝင်ကြောင်း သိရသည်။

“ဒီနေ့ မနက် ၉ နာရီခွဲဝန်းကျင်ခန့်က နှစ်သစ်ကူးအခါသမယ လွတ်ငြိမ်းသက်သာခွင့်ဖြင့် အကျဉ်းသားတွေ စပြီး လွှတ်ပေးနေတာပါ။ ဒီ အကျဉ်းထောင် ကနေ အကျဉ်းသား ၃ဝ၅ နှင့် အကျဉ်းသူ ၁၂၆ ယောက် စုစုပေါင်း (၄၃၁)ယောက်အားလွှတ်ပေးခဲ့တယ်”ဟု ယနေ့ ဖားအံမြို့ တောင်ကလေးအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသူ ဖားအံမြို့အခြေစိုက် တဲ့ပြောသတင်းဌာန၏ (CEO) ကိုဇော်မင်းဦး (ခ) ကိုဇော်ရဲထက် က ပြောသည်။

တဲ့ပြောသတင်းဌာန၏ (CEO) ကိုဇော်မင်းဦး (ခ) ကိုဇော်ရဲထက်သည် ပုဒ်မ ၅၀၅ (ခ)ဖြင့် တရားစွဲခံရကာ ထောင်ထဲတွင် ၁ နှစ် ကျော် နေထိုင်ခဲ့ရသူဖြစ်သည်။

“အခုလွှတ်ပေးတာက ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ အရ ပြစ်ဒဏ်၏ ၄ ပုံ ၁ပုံ သက်သာခွင့်ဖြင့် လွှတ်ပေးတာ၊ လွှတ်လာတဲ့ သူတွေဟာ နောက်ထပ် ပြစ်မှုအသစ်ထပ်မံ ကျူးလွန်ခဲ့မယ်ဆိုရင် ယခု လွတ်ငြိမ်းသက်သာခွင့်ပေးထားတဲ့ နှစ်ကာလကိုပါ ထပ်ပြီးကျခံရမယ် ဆိုပြီး လက်မှတ်ထိုးခဲ့ရတယ်”ဟု ၎င်းက ဆက်ပြောသည်။

မြန်မာ့နှစ်သစ်ကူးအခါသမယ အထိမ်းအမှတ်အားဖြင့် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ – ၄၀၁ ပုဒ်မခွဲ(၁)အရ မြန်မာတစ်နိုင်ငံလုံး၌ အကျဉ်းသား/သူ (၂၃၄၀၇) ဦးအား ယနေ့ နှစ်ဆန်း ၁ ရက် မနက်ပိုင်းမှ စ၍ အကျဉ်းထောင်အသီးသီးမှ လွှတ်ပေးမည်ဖြစ်ကြောင်း စစ်ကောင်စီ ပြန်ကြားရေးသတင်းဌာန MRTV မှ ကြေငြာထားသည်။

January 14, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူ‌တြော်ခရိုင်/တပ်မဟာ(၅)နယ်‌မြေတွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ...
Photo: BGF
January 13, 2026
ဖားအံခရိုင်၊ လှိုင်းဘွဲ (ဖားအံ) မြို့နယ်ရှိ နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့၏ ဥဒေါင်းစခန်းနှင့်...
Photo: KNA
January 12, 2026
စစ်အုပ်စု၏အတုအယောင်ရွေးကောက်ပွဲ ဒုတိယပိုင်းတွင်ပါဝင်သည့် ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်ရှိ...
January 9, 2026
နယ်မြေထိန်းချုပ်မှု၊ အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ခံပြည်သူလူထုမရှိဘဲ အစိုးရ တစ်ရပ်တည်ဆောက်၍...