နှစ်ကူးအခါသမယ နိုင်ငံတဝှမ်းရှိ အကျဉ်းသား ၂၃,၀၀၀ ကျော်လွှတ်ပေး ခဲ့ရာ ဖားအံအကျဉ်းထောင်မှ ၄၀၀ ကျော် ပါဝင်။

နှစ်ကူးအခါသမယ နိုင်ငံတဝှမ်းရှိ အကျဉ်းသား ၂၃,၀၀၀ ကျော်လွှတ်ပေး ခဲ့ရာ ဖားအံအကျဉ်းထောင်မှ ၄၀၀ ကျော် ပါဝင်။

ယနေ့ ဧပြီလ ၁၇ ရက် နှစ်ဆန်း ၁ ရက်နေ့ မနက်ပိုင်းက နှစ်သစ်ကူး အခါသမယလွတ်ငြိမ်းသက်သာခွင့်ဖြင့် နိုင်ငံတဝှမ်းရှိ အကျဉ်းထောင်များမှ ထောင်ကျအကျဉ်းသား ၂၃, ၀၀၀ ကျော် လွှတ်ပေးမည်ဖြစ်ရာ ဖားအံမြို့ တောင်ကလေးအကျဉ်းထောင်မှ အကျဉ်းသား ၄၀၀ ကျော် ပါဝင်ကြောင်း သိရသည်။

“ဒီနေ့ မနက် ၉ နာရီခွဲဝန်းကျင်ခန့်က နှစ်သစ်ကူးအခါသမယ လွတ်ငြိမ်းသက်သာခွင့်ဖြင့် အကျဉ်းသားတွေ စပြီး လွှတ်ပေးနေတာပါ။ ဒီ အကျဉ်းထောင် ကနေ အကျဉ်းသား ၃ဝ၅ နှင့် အကျဉ်းသူ ၁၂၆ ယောက် စုစုပေါင်း (၄၃၁)ယောက်အားလွှတ်ပေးခဲ့တယ်”ဟု ယနေ့ ဖားအံမြို့ တောင်ကလေးအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသူ ဖားအံမြို့အခြေစိုက် တဲ့ပြောသတင်းဌာန၏ (CEO) ကိုဇော်မင်းဦး (ခ) ကိုဇော်ရဲထက် က ပြောသည်။

တဲ့ပြောသတင်းဌာန၏ (CEO) ကိုဇော်မင်းဦး (ခ) ကိုဇော်ရဲထက်သည် ပုဒ်မ ၅၀၅ (ခ)ဖြင့် တရားစွဲခံရကာ ထောင်ထဲတွင် ၁ နှစ် ကျော် နေထိုင်ခဲ့ရသူဖြစ်သည်။

“အခုလွှတ်ပေးတာက ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ အရ ပြစ်ဒဏ်၏ ၄ ပုံ ၁ပုံ သက်သာခွင့်ဖြင့် လွှတ်ပေးတာ၊ လွှတ်လာတဲ့ သူတွေဟာ နောက်ထပ် ပြစ်မှုအသစ်ထပ်မံ ကျူးလွန်ခဲ့မယ်ဆိုရင် ယခု လွတ်ငြိမ်းသက်သာခွင့်ပေးထားတဲ့ နှစ်ကာလကိုပါ ထပ်ပြီးကျခံရမယ် ဆိုပြီး လက်မှတ်ထိုးခဲ့ရတယ်”ဟု ၎င်းက ဆက်ပြောသည်။

မြန်မာ့နှစ်သစ်ကူးအခါသမယ အထိမ်းအမှတ်အားဖြင့် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ – ၄၀၁ ပုဒ်မခွဲ(၁)အရ မြန်မာတစ်နိုင်ငံလုံး၌ အကျဉ်းသား/သူ (၂၃၄၀၇) ဦးအား ယနေ့ နှစ်ဆန်း ၁ ရက် မနက်ပိုင်းမှ စ၍ အကျဉ်းထောင်အသီးသီးမှ လွှတ်ပေးမည်ဖြစ်ကြောင်း စစ်ကောင်စီ ပြန်ကြားရေးသတင်းဌာန MRTV မှ ကြေငြာထားသည်။

May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...