တနိုင်း ရွှေမှော်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တိုက်ပွဲဖြစ်

တနိုင်း ရွှေမှော်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တိုက်ပွဲဖြစ်
by -
ခေါင်ညွယ် (KNG)

တနိုင်းမြို့နယ် ရွှေမှော်၊ ပယင်းမှော်ရှိသာ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၁၄ နယ်မြေ နမ့်ဗျူဒေသတွင် တပ်စွဲထားသော အာဏာသိမ်းစစ်ကောင်စီ၏ စခန်းတစ်ခုတွင် ယနေ့ နံနက်ပိုင်းမှစတင်ပြီး တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

နမ့်ဗျူ (Nam Byu) နမ့်ခမ် (Nam Hkam) ဒေသရှိ အဆိုပါစခန်းကို KIA က သွားရောက်တိုက်ခိုက်ခဲ့ရာ အာဏာသိမ်းစစ်ကောင်စီဖက်မှ သေဆုံးမှုများပြားပြီး နေ့လည် ၁၂ နာရီခန့်အထိ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

"KIA ဘက်က သွားရောက်တိုက်ခိုက်ခဲ့တာဟုတ်တယ်။ ဒါပေမယ့် စခန်းသိမ်းပိုက်နိုင်သလားဆိုတာ တိတိကျကျ ပြောလို့မရသေးဘူး။ စစ်တပ် (အာဏာသိမ်းစစ်တပ်) ဘက်ကတော့ သေဆုံးမူများတယ်လို့ သိရတယ်"ဟု ပြောဆိုသည်။

ထိုတိုက်ပွဲတွင် ကျဆုံးမှုများသော အာဏာသိမ်းစစ်တပ်က ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် လာရောက်ပစ်ခတ်ခဲ့သည်။

ယနေ့ နံနက် KIA ဘက်မှ သွားရောက်တိုက်ခိုက်ခဲ့သည့် တပ်စခန်းသည် ယခင် ၂၀၁၄ ခုနှစ်တုန်းက အာဏာသိမ်းစစ်တပ်၏ အင်အားသုံး ထိုးစစ်ဆင်သိမ်းပိုက်ခဲ့သော နေရာဖြစ်သည်ဟု သိရသည်။

ထို့နောက် ၂၀၁၇ ခုနှစ် ထိုနေရာရှိ ဒေသခံများအပါအဝင် ရွှေ၊ ပယင်းတူးဖော်နေသော ပြည်သူများအားလုံးကို ထွက်ခွာသွားရန် စစ်တပ်က ရဟတ်ယာဉ်ဖြင့် စာဖြန့်ခဲ့ပြီးနောက် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သော နေရာဖြစ်သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...