တာဟန်းခံတပ်ဖြိုခွင်းခံရသည့်နေ့မှ ပျောက်ဆုံးသွားသော Biaklawmcuang ၏ရုပ်အလောင်းကို စစ်ကောင်စီက မိသားစုထံပြန်ပို့

တာဟန်းခံတပ်ဖြိုခွင်းခံရသည့်နေ့မှ ပျောက်ဆုံးသွားသော Biaklawmcuang ၏ရုပ်အလောင်းကို စစ်ကောင်စီက မိသားစုထံပြန်ပို့

ကလေးမြို့တာဟန်းခံတပ်ဖြိုခွင်းသည့်ဧပြီလ ၇ ရပ်နေ့ကတည်းက ပျောက်ဆုံးသွားသည့် တာဟန်း F group တွင်နေထိုင်သူ ချင်းတိုင်းရင်းသား Biaklawmcuang ၏ ရုပ်အလောင်းကို ကလေးမြို့စစ်ဆေးရုံးသို့ လာရောက်သယ်ယူရန် မိသားစုဝင်များထံ ယနေ့ဧပြီလ ၁၀ ရက်နေ့တွင်အကြောင်းကြားကာ ပရဟိတလူမှုရေးကားဖြင့်သွားရောက်သယ်ယူကြသည်ဟု သိရသည်။

အသက် ၂၆ နှစ်အရွယ် Biaklawmcuang သည် အာဏာသိမ်းစစ်ကောင်စီမှ တာဟန်းခံတပ်ကို အကြမ်းဖက်ဖြိုခွင်းစဉ်တွင်သေဆုံးခဲ့ခြင်းလား အဖမ်းခံရပြီးနှိပ်စက်သတ်ဖြတ်ခံရခြင်းလားဆိုသည်မှာ သဲသဲကွဲကွဲမသိရသေးပေ။

"အလောင်းက အတော်လေးကို ပုပ်ပွနေပြီ တာဟန်းခံတပ်ဖြိုခွင်းတဲ့နေက ကျဆုံးတာလား ဒါမှမဟုတ် အဖမ်းခံရပြီး နှိပ်စက်လို့ဆုံးသွားတာလားဆိုတာတော့ မသိဘူး" ဟု တာဟန်းဒေသခံတစ်ဦးကပြောသည်။

သူ၏ရုပ်အလောင်းသည် ယနေ့မွန်းလွဲပိုင်း ၁ နာရီခွဲခန့်က နေအိမ်သို့ရောက်ရှိလာပြီး ဒိုးဝိုင်းချောင်းသုသာန်သို့ ယနေ့ညနေပိုင်းတွင် သဂြိုလ်ကြမည်ဟုသိရသည်။

Biaklawmcuang သည် ကလေး ၂ ယောက်ဖခင်ဖြစ်သည်။

May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...
May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...