ကလေးမြို့ တာဟန်းပင်မသပိတ်ခံတပ်ဖြိုခွင်းမှု ပြည်သူ ၁၈ ဦးဖမ်းဆီးခံရ

ကလေးမြို့ တာဟန်းပင်မသပိတ်ခံတပ်ဖြိုခွင်းမှု ပြည်သူ ၁၈ ဦးဖမ်းဆီးခံရ

ကလေးမြို့အနောက်ဘက် တာဟန်းပင်မသပိတ်ခံတပ်ကို ဧပြီလ (၇) ရက်နေ့နံနက် ၅ နာရီခန့်က အာဏာသိမ်း စစ်ကောင်စီက လက်နက်ကြီး၊ ဗုံးများဖြင့် စစ်မြေပြင်ကဲ့သို့အကြမ်းဖက်ဖြိုခွင်းခဲ့မှုတွင် ပြည်သူ ၁၈ ဦး ဖမ်းဆီးခံခဲ့ရ သည်ဟု သိရသည်။

ကလေးမြို့ တာဟန်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်း တောင်ဇလပ်ရပ်ကွက်ကျန်စစ်သားလမ်းပေါ်ရှိ ခံတပ်များကိုဖြိုခွင်းမှုဖြစ်စဉ်တွင် အမျိူးသား ၁၈ ဦးနှင့်အတူ 12 bore ကျည်ဖြင့် ပစ်ခတ်ရသော လုပ်သေနတ် ၄ လက်၊ လက်လုပ်သေနတ် ၁၁ လက်၊ ဂက်စ်သေနတ် ၁၂ လက်၊ တူမီးသေနတ်၄ လက်၊ လက်လုပ်ဗုံး ၅ လုံး၊ လက်လုပ်မိုင်း ၈ လုံး၊ 12 bore ကျည် ၄၁ ထောင့်၊ မီးပုလင်း ၈ လုံး၊ ဝါယာကြိုး ၈ ခွေ၊ ဘထ္ထရီ ၁ လုံး၊ သတ္တုဒိုင်း ၄ ခုတို့ဖမ်းဆီးထိန်းသိမ်းရမိကြောင်း စစ်ကောင်စီ သတင်းဌာနမြ၀တီက သတင်းထုတ်ပြန်ထားသည်။  

ယမန်နေ့ တာဟန်းခံတပ်ဖြိုခွင်းမှုဖြစ်စဉ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့၀င်များလည်း ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြပြီး နယ်မြေခံတပ်မတော်ဆေးရုံသို့ ပို့ဆောင်ကုသမှုခံယူထားသည်ဟု မြ၀တီသတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

တာဟန်းပင်မသပိတ်ခံတပ်ကို အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့၀င်များက စစ်မြေပြင်ကဲ့သို့ အကြမ်းဖက်ဖြိုခွင်းခဲ့မှုကြောင့် ဧပြီလ ၇ ရက်နေ့က ပြည်သူ ၁၂ ဦးကျဆုံးခဲ့ရပြီး၊ ကလေးမြို့တွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့၀င်များ၏ အကြမ်းဖက် ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ စုစုပေါင်း ၂၉ ဦးထိ ကျဆုံးမှုရှိခဲ့ပြီဖြစ်သည်။

Most read this week

December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 15, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည်...