ကလေးမြို့ပင်မသပိတ်စခန်းမှာမပါ၀င်ပဲပစ်ခတ်ခံရပြီးသေဆုံးသူ ၃ ဦးရှိ

ကလေးမြို့ပင်မသပိတ်စခန်းမှာမပါ၀င်ပဲပစ်ခတ်ခံရပြီးသေဆုံးသူ ၃ ဦးရှိ

ကလေးမြို့ တာဟန်းခံတပ်အနီး ဘရာဏီအလှပြင်ဆိုင်နဲ့ Salem နှစ်ခြင်းအသင်းတော်ဘုရားကျောင်းကြားက လမ်းဘေးမှာ ဒီမနက် စစ်တပ်က ကလေးမြို့နယ်ဟားခါးလေးကျေးရွာသား သမီး ၂ ယောက်ဖခင် ဦးဗန်ထာထန်ကို ပစ်ခတ်မူ့ကြောင့်သေဆုံးပြီးအလောင်းကို မနက် ၁၀ နာရီဝန်းကျင်မှာ စစ်တပ်က သယ်ဆောင်သွားကြပါတယ်။

ကလေးမြို့က ပုဂလိကဆေးရုံတခုက၀န်ထမ်း၁ ဦး ဖြစ်တဲ့ ကိုရှားမာဟာ ဒီမနက် ဆေးရုံမှအပြန် စစ်သားတွေ ပစ်ခတ်မူကြောင့်သေဆုံးသွားပါတယ်။ကိုရှားမာအလောင်းကိုစစ်တပ်ကသယ်ဆောင်သွားပါတယ်။.ကိုရှားမာဟာ ကလေး ၃ယောက် အဖေ လို့ သိရပါတယ်။

ကလေးမြို့ မွန်းလိုင်ရပ်ကွက်မှာနေထိုင်တဲ့ တာဟန်းအေဂျီဘုရားကျောင်းအသင်းသား Pa Ngul Sian Pau (ဦးငုလ်ရှန်းပေါင်)ဟာ ဒီမနက် အိမ်နောက်ဘေးတွင် ဝက်စာကျွေးနေတဲ့ချိန်မှာ စစ်သားတွေက လမ်းပေါ်ကနေပစ်ခတ်လို့ သေဆုံးသွားကြောင်းသိရပါတယ်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...