ကလေးမြို့ပင်မသပိတ်စခန်းမှာမပါ၀င်ပဲပစ်ခတ်ခံရပြီးသေဆုံးသူ ၃ ဦးရှိ

ကလေးမြို့ပင်မသပိတ်စခန်းမှာမပါ၀င်ပဲပစ်ခတ်ခံရပြီးသေဆုံးသူ ၃ ဦးရှိ

ကလေးမြို့ တာဟန်းခံတပ်အနီး ဘရာဏီအလှပြင်ဆိုင်နဲ့ Salem နှစ်ခြင်းအသင်းတော်ဘုရားကျောင်းကြားက လမ်းဘေးမှာ ဒီမနက် စစ်တပ်က ကလေးမြို့နယ်ဟားခါးလေးကျေးရွာသား သမီး ၂ ယောက်ဖခင် ဦးဗန်ထာထန်ကို ပစ်ခတ်မူ့ကြောင့်သေဆုံးပြီးအလောင်းကို မနက် ၁၀ နာရီဝန်းကျင်မှာ စစ်တပ်က သယ်ဆောင်သွားကြပါတယ်။

ကလေးမြို့က ပုဂလိကဆေးရုံတခုက၀န်ထမ်း၁ ဦး ဖြစ်တဲ့ ကိုရှားမာဟာ ဒီမနက် ဆေးရုံမှအပြန် စစ်သားတွေ ပစ်ခတ်မူကြောင့်သေဆုံးသွားပါတယ်။ကိုရှားမာအလောင်းကိုစစ်တပ်ကသယ်ဆောင်သွားပါတယ်။.ကိုရှားမာဟာ ကလေး ၃ယောက် အဖေ လို့ သိရပါတယ်။

ကလေးမြို့ မွန်းလိုင်ရပ်ကွက်မှာနေထိုင်တဲ့ တာဟန်းအေဂျီဘုရားကျောင်းအသင်းသား Pa Ngul Sian Pau (ဦးငုလ်ရှန်းပေါင်)ဟာ ဒီမနက် အိမ်နောက်ဘေးတွင် ဝက်စာကျွေးနေတဲ့ချိန်မှာ စစ်သားတွေက လမ်းပေါ်ကနေပစ်ခတ်လို့ သေဆုံးသွားကြောင်းသိရပါတယ်။

April 25, 2026
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း...
April 24, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ ဖလမ်းမြို့နားမှာ...
April 23, 2026
ဇိုဂမ် (Zogam) နယ်မြေအတွင်းကို ဘယ်ပြင်ပအဖွဲ့အစည်းကမှ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်တာကို...
April 22, 2026
အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်က NCA ကာလတုန်းက မူဟောင်းကြီးကို ပြန်အစဖော်ပြီး CNF အပါအဝင်...