ကလေးမြို့ပင်မသပိတ်စခန်းကိုစစ်တပ်မှဖြိုခွင်းမူတွင် လူ ၁၈ ယောက်ကိုဖမ်းဆီးထား

ကလေးမြို့ပင်မသပိတ်စခန်းကိုစစ်တပ်မှဖြိုခွင်းမူတွင် လူ ၁၈ ယောက်ကိုဖမ်းဆီးထား

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ တာဟန်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနှင့် တောင်ဇလပ်ရပ်ကွက်၊ ကျန်စစ်သားလမ်းပေါ်ရှိပင်မသပိတ်စခန်းကိုဧပြီလ ၇ ရက်မနက် ၅ နာရီတွင် စစ်တပ်မှဖြိုခွင်းပြီးလူ ၁၈ ယောက်ကိုဖမ်းဆီးထားကြောင်းမြ၀တီသတင်းတွင်သတင်းထုတ်ပြန်ထားသည်။

သပိတ်စခန်းကိုဖြိုခွင်းမူဖြစ်စဥ်တွင် အမျိုးသား ၁၈ ဦးနှင့်၎င်းတို့ ကိုင်ဆောင်အသုံးပြုလာသည့် 12 bore ကျည်ဖြင့် ပစ်ခတ်ရသော လုပ်သေနတ် ၄ လက်၊ လက်လုပ်သေနတ် ၁၁ လက်၊ ဂတ်စ်သေနတ် ၁၂ လက်၊ တူမီးသေနတ် ၄ လက်၊ လက်လုပ်ဗုံး ၅ လုံး၊ လက်လုပ်မိုင်း ၈ လုံး၊ 12 bore ကျည် ၄၁ တောင့်၊ မီးပုလင်း ၈ လုံး၊ ဝါယာကြိုး ၈ ခွေ၊ ဘထ္ထရီ ၁ လုံး၊ သတ္ထုဒိုင်း ၄ ခု၊ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့် အခြားဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီး ထိန်းသိမ်းရမိခဲ့ကြောင်းဖော်ပြထားသည်။

သပိတ်စခန်းမှလူများမှပြန်လည်ခုခံမူ့ကြောင့်လုံခြုံရေးတပ်ဖွဲ့ ဝင်အချို့ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဆိုပါထိခိုက်ဒဏ်ရာရရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား နယ်မြေခံတပ်မတော်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်းနှင့်ဖမ်းဆီးရမိသူ ဦးဆောင်သူများအား ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်းနှင့် ကျန်ရှိသည့် ပါဝင်ပတ်သက်သူများကိုလည်းအမြန်ဆုံးဖမ်းဆီးရမိရေး  ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...