ကလေးမြို့ပင်မသပိတ်စခန်းကိုစစ်တပ်မှဖြိုခွင်းမူတွင် လူ ၁၈ ယောက်ကိုဖမ်းဆီးထား

ကလေးမြို့ပင်မသပိတ်စခန်းကိုစစ်တပ်မှဖြိုခွင်းမူတွင် လူ ၁၈ ယောက်ကိုဖမ်းဆီးထား

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ တာဟန်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနှင့် တောင်ဇလပ်ရပ်ကွက်၊ ကျန်စစ်သားလမ်းပေါ်ရှိပင်မသပိတ်စခန်းကိုဧပြီလ ၇ ရက်မနက် ၅ နာရီတွင် စစ်တပ်မှဖြိုခွင်းပြီးလူ ၁၈ ယောက်ကိုဖမ်းဆီးထားကြောင်းမြ၀တီသတင်းတွင်သတင်းထုတ်ပြန်ထားသည်။

သပိတ်စခန်းကိုဖြိုခွင်းမူဖြစ်စဥ်တွင် အမျိုးသား ၁၈ ဦးနှင့်၎င်းတို့ ကိုင်ဆောင်အသုံးပြုလာသည့် 12 bore ကျည်ဖြင့် ပစ်ခတ်ရသော လုပ်သေနတ် ၄ လက်၊ လက်လုပ်သေနတ် ၁၁ လက်၊ ဂတ်စ်သေနတ် ၁၂ လက်၊ တူမီးသေနတ် ၄ လက်၊ လက်လုပ်ဗုံး ၅ လုံး၊ လက်လုပ်မိုင်း ၈ လုံး၊ 12 bore ကျည် ၄၁ တောင့်၊ မီးပုလင်း ၈ လုံး၊ ဝါယာကြိုး ၈ ခွေ၊ ဘထ္ထရီ ၁ လုံး၊ သတ္ထုဒိုင်း ၄ ခု၊ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့် အခြားဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီး ထိန်းသိမ်းရမိခဲ့ကြောင်းဖော်ပြထားသည်။

သပိတ်စခန်းမှလူများမှပြန်လည်ခုခံမူ့ကြောင့်လုံခြုံရေးတပ်ဖွဲ့ ဝင်အချို့ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဆိုပါထိခိုက်ဒဏ်ရာရရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား နယ်မြေခံတပ်မတော်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်းနှင့်ဖမ်းဆီးရမိသူ ဦးဆောင်သူများအား ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်းနှင့် ကျန်ရှိသည့် ပါဝင်ပတ်သက်သူများကိုလည်းအမြန်ဆုံးဖမ်းဆီးရမိရေး  ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

Most read this week

August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...