မိုးညှင်းအရှေ့စု ၂လမ်း နေအိမ်အတွင်းမှ လူ(၅)ဦးအား ဖမ်းဆီးခေါ်ဆောင်သွားဟုဆို

မိုးညှင်းအရှေ့စု ၂လမ်း နေအိမ်အတွင်းမှ လူ(၅)ဦးအား ဖမ်းဆီးခေါ်ဆောင်သွားဟုဆို

ကချင်ပြည်နယ်မိုးညှင်းအရှေ့စု (၂)လမ်းရှိ နေအိမ်တစ်အိမ်တွင် ယနေ့ ဧပြီ (၃)ရက် နေ့လယ်ပိုင်းက စစ်ကောင်စီအဖွဲ့မှ နေအိမ်အတွင်း အတူရှိနေသူ (၅)ဦးအား ကိုဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

“ရပ်ကွက်ထဲ ရဲကားစစ်ကားအရပ်ဝတ်တွေနဲ့ အဲ့ဒီအိမ်ထဲဝင်ရှာနေတာမြင်ရတယ်။ပေါ်ပေါ်ထင်ထင်လည်း မကြည့်ရဲဘူး။ ဘာရှာတွေ့လို့ဖမ်းတယ်တော့ ဂဃနဏ မသိဘူး။ အဲ့ဒီအိမ်က အရက်ရောင်းတယ်။ သူ့အမေနဲ့သူ့သား ရယ် အိမ်ထဲမှာရောက်နေတဲ့ လူငယ် (၃)ယောက်ကိုပါဖမ်းသွားတာပဲမြင်လိုက်တယ်”ဟု ရပ်ကွက်နေသူ တစ်ဦးကပြောသည်။

အဆိုပါနေအိမ်မှလူ (၅)ယောက်ကိုဖမ်းဆီး ပြီးနောက် အခြားရပ်ကွက်များတွင်လည်း ရဲကားစစ်ကား များဖြင့် တစ်လမ်းဝင်တစ်လမ်းထွက် လိုက်လံ ရှာဖွေနေဆဲဖြစ်ပြီး ဖမ်းဆီးခံရသူ (၅) ဦး၏နေအိမ်မှ လက်နက်အချို့နှင့် လက်လုပ်ဗုံး ၂လုံးကို တွေ့ရှိရာမှ ဖမ်းဆီးခံရသည်ဟုလည်း ပြောဆိုနေကြသည်။

မိုးညှင်းမြို့တွင် စစ်ကောင်စီအား ဆန့်ကျင်ရေး သပိတ်တွင်ပါဝင်မှု‌ကြောင့် ဖမ်းဆီးခံရသူ (၂၀)ကျော်နှင့် သေဆုံးသူ (၃)ဦးအထိရှိခဲ့သည်။

ယင်းသို့ဖမ်းဆီးခံရခြင်းအပေါ် ရဲသတင်းပေး ဒလန်များကြောင့် အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ ဖမ်းဆီးခံနေရခြင်း ဖြစ်ကြောင်း မိုးညှင်းမြို့ခံကများ က ဝေဖန်ပြောဆိုနေကြသည်။

August 6, 2026
(၃၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအတွက် ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင်...
July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...