ဝိုင်းမော်မြို့နယ်တွင် အ၀တ်စုတ်ဖြဲခြင်းသပိတ်ပြုလုပ်

ဝိုင်းမော်မြို့နယ်တွင် အ၀တ်စုတ်ဖြဲခြင်းသပိတ်ပြုလုပ်

ဝိုင်းမော်မြို့ လူငယ်များမှ ယနေ့ ဧပြီလ ၃ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး “အဝတ်စုတ်ဖြဲခြင်းသပိတ်” လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်‌ကောင်စီ၏ ပစ်ခတ်ဖြိုခွင်းမှုများကြောင့် ကျဆုံးခဲ့ရသည့် ပြည်သူများ အတွက် ကြေကွဲ ဝမ်းနည်းငိုကြွေးနေခြင်းကို ကမ္ဘာမှ ပိုမိုသိရှိအောင် ပြုလုပ်ရခြင်းဖြစ်ကြောင်း ဝိုင်းမော်လူငယ်တစ်ဦးက ပြောသည်။

“ဟစ်တလာကလူမျိုးသုဉ်းသတ်ဖြတ်ခဲ့တဲ့ ဂျူးလူမျိုးတွေရဲ့အစဉ်အလာတစ်ခုပေါ့။ ဂျူးလူမျိုးတွေဟာ သူတို့တန်ဖိုးထားတဲ့သူတွေ ဆုံးရှုံးတဲ့အခါ သူတို့ချစ်တဲ့သူတွေဆုံးရှုံးတဲ့အခါ သူတို့ပိုင်ဆိုင်တာတွေဆုံးရှုံးတဲ့အခါ မွာ ကြေကွဲဝမ်းနည်းမူတွေနဲ့ နာကျင်မူတွေနဲ့ ငိုကြွေးခြင်းအနေနဲ့ အဝတ်ကိုစုတ်ဖြဲကြတယ်။ ဒီလိုပဲ ကျွန်တော်တို့ချစ်ရတဲ့ပြည်သူတွေ လူငယ်တွေ ကလေးတွေ စစ်တပ်ကြောင့်ဆုံးရှုံးရတာတွေများပြီ ဒါကြောင့် ကျွန်‌ေတာ်တို့နှလုံးသားတွေ ကြေကွဲနေရပါတယ်ဆိုတာကို ကမ္ဘာက ပိုမိုမြင်သာစေချင်လို့ လုပ်ဖြစ်တာပါ။”ဟု ပြောသည်။

ဝိုင်းမော်မြို့ လူငယ်များမှ စစ်အာဏာရှင် ဆန့်ကျင်ကြောင်း နေ့စဉ်ပုံစံအမျိုးမျိုးဖြင့် ထုတ်ဖော်လျက်ရှိသည်။

February 4, 2026
ကချင်ပြည်နယ်၊ ဖားကန့်ဒေသကျောက်စိမ်းတွင်းဒေသမှာ စစ်ရေးအခြေအနေ တင်းမာနေပေမဲ့ အတန်းတင်စာမေးပွဲ...
February 3, 2026
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က စစ်ကော်မရှင်တပ်ရဲ့ စခန်းတစ်ခုကို KIA ပူးပေါင်းတပ်ဖွဲ့ကနေ...
January 28, 2026
ကောင်ဂျာရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိတာကြောင့် ဆေးကုသမှုခံယူနေတဲ့ လသားအရွယ်...
January 27, 2026
ကချင်ပြည်နယ်အတွင်း ဗန်းမော်၊ ဖားကန့်၊ ဝိုင်းမော် စစ်မျက်နှာပြင်နဲ့ တပ်မဟာ(၁)၊(၂) နယ်မြေတွေဘက်မှာ...