ဖမ်းဆီးထားသော ဟားခါးမြို့အခြေစိုက် CCPRရုံးဝန်ထမ်း ၂ ဦးကို ဧပြီလ ၇ ရက်နေ့တွင်ရုံးပြန်ထုတ်မည်

ဖမ်းဆီးထားသော ဟားခါးမြို့အခြေစိုက် CCPRရုံးဝန်ထမ်း ၂ ဦးကို ဧပြီလ ၇ ရက်နေ့တွင်ရုံးပြန်ထုတ်မည်

မတ်လ ၉ ရက်နေ့တွင် ဖမ်းဆီးခံထားရသော ချင်းငြိမ်းချမ်းရးနှင့်ပြန်လည်သင့်မြတ်ရေးအသင်း(CCPR )ရုံးဝန်ထမ်း ၂ ဦးကို ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲခံထားကြခြင်းဖြစ်ပြီး ယနေ့ မတ်လ ၃၁ ရက်နေ့တွင် ဒုတိယအကြိမ် ရုံးထုတ်ပြီး ဧပြီလ ၇ ရက်နေ့တွင် ဟားခါးမြို့နယ်တရားရုံးတွင်ရုံးပြန်ထုတ်မည် ဖြစ်ကြောင်း လိုက်လံကူညီပေးနေသည့်ရှေ့နေများထံမှသိရသည်။

"ဒီနေ့တော့ တရားရုံးက မအားဘူးဆိုတော့ ကျွန်မတို့ ကို တွေ့ခွင့်မပေးတော့ဘူး။ တရားလိုသက်သေမှာ ဟားခါးမြို့နယ် ရဲတပ်ဖွဲ့မှူးက ထွက်ဆိုတယ်၊ နောက်ပြီးတော့ ဖမ်းဆီးခံထားတဲ့ CDM ဝင်ထားတဲ့ရဲ၊ ခုလက်ရှိထိန်းသိမ်းခံထားတဲ့ရဲ မာလ်ဆောမ် သူတို့ကို သက်သေအဖြစ်ထွက်ဆိုခိုင်းတယ်၊ တရားလိုသက်သေ ရဲ နှစ်ဦးပေါ့။အဲဒီ မာလ်ဆောမ်က ထွက်ဆိုတဲ့ နေရာမှာ သူတို့ကို ပိုက်ဆံ ငါးသောင်းပေးထားတဲ့လူသည် ဒီ ဗန်ကျဲအိုထောင်း မဟုတ်ကြောင်း၊ ပိုက်ဆံပေးတဲ့လူက ဗန်ကျဲအိုထောင်း ဟုတ်သလားဆိုပြီးတော့ ရှေ့နေကမေးတယ်၊ သို့သော် သူကမဟုတ်ဘူးတဲ့၊ ဒါဆိုဘယ်သူလဲ ၊ ဘယ်သူလဲတော့မသိဘူး Mask အုပ်ထားတယ်၊ ဒါမယ့် ဒီကောင်လေးတော့ မဟုတ်ဘူးလို့ ထွက်ဆိုတယ်။နင်တို့သွားတဲ့ချိန် ကားမောင်းတဲ့ လူကိုသိလားလို့ ရှေ့နေကပြန်မေးတယ်၊ မသိဘူး လို့ပြောတယ်။ ဒါဆိုရင်ခု ရှေ့မှာရောက်နေတဲ့သူ(ပီတာ) ဟုတ်သလားလို့ပြန်မေးတယ်။ သူမောင်းတာတော့ မဟုတ်ပါဘူးလို့ သူ ပြန်ထွက်ဆိုတယ်။  အဲဒီတော့ ဒီနေ့ ထွက်ဆိုခဲ့တဲ့ တရားလိုသက်သေဖြစ်တဲ့ CDM ဝင်၊ ဖမ်းဆီးခံထားတဲ့ ရဲရဲ့ ထွက်ဆိုချက်အရမ်းကောင်းလို့ အားတက်စရာပါပဲ။ ဒါမယ့် တရားသူကြီးနဲ့တော့ ပြောခွင့်မရှိခဲ့ပါဘူး။" ဟုတရားစွဲဆိုခံထားရသည့် CCPRရုံး၀န်ထမ်းများအတွက်လိုက်လံကူညီပေးသူရှေ့နေကပြောသည်။

စစ်တပ်အာဏာသိမ်းယူပြီးနောက် မြန်မာတစ်နိုင်ငံလုံးတွင် ချင်းလူမျိုး ၁၅၃ ဦးကျော် ဖမ်းဆီးခံရခြင်းဖြစ်ပြီး ဟားခါးမြို့တွင်  လူဦးရေ ၅၀ ကျော် ဖမ်းဆီးခံထားရကြောင်း သိရသည်။ ယေဘုယအားဖြင့် ရဲစခန်းတွင် ပုဒ်မ ၄၇ နှင့် ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲကြပြီး များသောအားဖြင့် ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲမှု ပိုများကြောင်းလည်း သိရသည်။

April 27, 2026
ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ ကို အာဏာသိမ်းစစ်အုပ်စုက...
April 25, 2026
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း...
April 24, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ ဖလမ်းမြို့နားမှာ...
April 23, 2026
ဇိုဂမ် (Zogam) နယ်မြေအတွင်းကို ဘယ်ပြင်ပအဖွဲ့အစည်းကမှ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်တာကို...