မိုးညှင်းမြို့က ဆိုင်ကယ်သပိတ်အား အရပ်ဝတ်စုံဝတ်ဆင်ထားသည့်ရဲများက အိမ်စီးကားဖြင့်လိုက်လံဖမ်းဆီးခဲ့သဖြင့် လူငယ်တစ်ဦးဖမ်းဆီးခံရ

မိုးညှင်းမြို့က ဆိုင်ကယ်သပိတ်အား အရပ်ဝတ်စုံဝတ်ဆင်ထားသည့်ရဲများက အိမ်စီးကားဖြင့်လိုက်လံဖမ်းဆီးခဲ့သဖြင့် လူငယ်တစ်ဦးဖမ်းဆီးခံရ

ယနေ့ ကချင်ပြည်နယ်၊ မိုးညှင်းမြို့အောင်သပြေ (၃)ရပ်ကွက်အတွင်း စစ်ကောင်စီအားဆန့်ကျင်ဆန္ဒထုတ်ဖော်သည့် ဆိုင်ကယ်စီးသပိတ်မှ လူငယ် တစ်ဦးဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

ယင်း ဆိုင်ကယ်သပိတ်အား လိုက်လံဖမ်းဆီးရာတွင် အောင်သပြေရပ်ကွက်( ၃)နွေဦးကံ့ကော်အအေးဆိုင်အနီးတွင် လူငယ်တစ်ဦးဖမ်းဆီးခံရကြောင်းနှင့် လိုက်လံဖမ်းဆီးသူများသည် စစ်ကောင်စီဖက်မှ အရပ်ဝတ်စုံဝတ်ထားပြီး အိမ်စီးကားအဖြူရောင်နှင့်လိုက်လံဖမ်းဆီးခဲ့ကြောင်း တွေ့မြင်သူများက ပြောသည်။

“အဲ့ဒီ အဖမ်းခံရတဲ့ ကောင်လေးကပိန်ပိန်လေးပါ။ရိုက်နှက်ထိုးကြိတ်ကန်ကြောက်ပီး အရပ်ဝတ်ရဲတွေက သူတို့စီးလာတဲ့အိမ်စီးကားအဖြူရောင်ပေါ် ဖမ်းခေါ်သွားတာမြင်လိုက်ရတယ်” အဆိုပါနေရာတွင် ရှိနေသည့် မျက်မြင်တွေ့ရှိသူကပြောသည်။

မိုးညှင်းမြို့တွင် စစ်ကောင်စီအား ဆန့်ကျင်ဆန္ဒပြမူ့နှင့် ဖေဖော်ဝါရီလမှ မတ်နှင့် ယနေ့ ဧပြီလ(၁)ရက်နေ့အထိ ဖမ်းဆီးခံရသူ (၂၀)ကျော်အထိရှိပြီး သေဆုံးသူ(၃)ယောက်အထိရှိခဲ့သည်။

ပုံဟောင်းဖြစ်ပါသည်
April 8, 2026
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO) ရဲ့ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဆွမ်လွတ်ဂွန်မော်က ရှမ်းမြောက် ဒေသထဲ...
April 7, 2026
စစ်ကော်မရှင်ရဲ့ ကချင်ပြည်နယ်လွှတ်တော်က အခုစစ်ကော်မရှင်ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်ကိုပဲ...
April 3, 2026
စက်သုံးဆီအသုံးပြုမှု လျှော့ချဖို့ဆိုပြီး အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း ပုဂ္ဂလိကလုပ်ငန်းတွေအနေနဲ့...
April 2, 2026
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ကို လေကြောင်းခရီးစဉ်တွေ ဧပြီ ၅ ရက်ကစပြီး ပြန်လည်ပြေးဆွဲမယ်လို့...