CDM မပြုလုပ်တဲ့ဝန်ထမ်းတွေကို အရေးယူမယ်လို့ သမ္မတရုံးဝန်ကြီးဌာန ထုတ်ပြန်

CDM မပြုလုပ်တဲ့ဝန်ထမ်းတွေကို အရေးယူမယ်လို့ သမ္မတရုံးဝန်ကြီးဌာန ထုတ်ပြန်

CDM မပြုလုပ်သူ ဝန်ထမ်းတွေအပြင် ၊ စစ်အာဏာရှင်ရဲ့ လက်ပါးစေတွေ၊ စစ်အာဏာရှင် လက်ကိုင်တုတ်တွေ၊ စစ်အာဏာရှင်တွေနဲ့ပူးပေါင်းသူတွေကို ပြင်းထန်စွာ အရေးယူသွားမယ်လို့ သမ္မတရုံးဝန်ကြီးဌာန ကထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်တခုကို ဒီကနေ့မတ်လ ၃၁ရက်နေ့ မှာ CRPH ရဲ့ Facebook စာမျက်နှာမှာ မျှဝေထားပါတယ်။



ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ( CRPH ) က CDM စာရင်းသွင်းဖို့ နောက်ဆုံးရက်ကို ဒီကနေ့မတ်လ ၃၁ရက်နေ့ ည၁၂နာရီအထိသတ်မှတ်ထားပါတယ်။

ကယားပြည်နယ်သပိတ်ကော်မတီကြေညာချက်အရ မတ်လ ၂၉ရက်နေ့အထိ ကယားပြည်နယ် CDM ဝန်ထမ်း ၃၆၀၀နီးပါးရှိပါတယ်။

CDM နောက်ဆုံးရက်ဖြစ်တဲ့အတွက် အမြန်ဆုံးပူးပေါင်းစေချင်တယ်လို့ ပညာရေးဝန်ထမ်းတစ်ဦးကပြောပါတယ်။

” ကျနော်တို့ ဆရာဆရာမတွေကိုပြောချင်တာပေါ့နော။ ကျောင်းမှာကျနော်တို့ ဒီဆောင်ပုဒ်တွေရှိတာပေါ့နော။ စိတ်ဓာတ်စည်းကမ်းပညာပေါ့နော။ ကျနော်တို့ရဲ့စိတ်ဓာတ်ကို ကျနော်တို့ရှေ့ဆုံးကနေပြင်ပေးရမှာပေါ့နော။ ကျနော်တို့စိတ်ဓာတ်က ဓမ္မနဲ့ အဓမ္မကိုတောင် မခွဲခြားနိုင်ဘူးဆိုရင် ကျနော်တို့မွေးထုတ်မယ့် မျိုးဆက်တွေဟာ လုံးဝ ရေစုန်မျောပါသွားမှာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ကျနော်တို့ CDM မှာအမြန်ဆုံးပါဝင်ပေးကြပါလို့ တောင်းဆိုချင်ပါတယ်။” လို့ ပညာရေးဝန်းထမ်းတစ်ဦးကပြောပါတယ်။

CRPH က မတ်လ ၂၇ရက်နေ့မှာ ဝန်းထမ်းတွေကို CDM ပြုလုပ်ဖို့ တိုက်တွန်းပြီး CDM နောက်ဆုံးစာရင်းသွင်းရမယ့်ရက်ကိုလည်း CRPH Facebook page မှာ ထုတ်ပြန်ထားပါတယ်။

CDM စာရင်းပေးထားပြီး မွမ်းမံသင်တန်းတက်နေတဲ့ ပညာရေးဝန်ထမ်းတချို့ရှိနေတယ်လို့CDM ဝင်ပညာရေးဝန်ထမ်းတစ်ဦးကပြောပါတယ်။

” ကျောင်းဆရာဆရာမတွေကလေ အခုချိန်က ကျောင်းမဖွင့်သေးခါကျတော့လေ တချို့က CDM စာရင်းသာပေးထားတယ်။ တချို့က သင်တန်းတွေပြန်တက်နေရတယ်လို့ကြားထားတယ်။ တချို့မူအုပ်တွေပေါ့ အခုဆိုရင်မွမ်းမံသင်တန်းတွေပေးနေတယ်။ တချို့က CDM စာရင်းတွေပေးထားတယ်။ ဆရာများသမ္မဂ္ဂကိုပေါ့။ ဒါပေမယ့် သင်တန်းတွေပေးနေတဲ့အချိန်မှာ သင်တန်းတွေပြန်တက်နေတယ်ပေါ့နော။ အဲ့လိုအခြေအနေလေးတွေရှိတယ်ပေါ့နော။ “

CDM စာရင်းပေးထားပြီး အာဏာသိမ်းစစ်ကောင်စီက ခေါ်ယူတဲ့ မွမ်းမံသင်တန်းတွေတက်ရောက်မယ်ဆိုရင်လည်း တက်ရောက်တဲ့ ဝန်ထမ်းတွေကို social punishment ပြုလုပ်သွားမယ်လို့ သူကဆက်ပြောပါတယ်။

ကယားပြည်နယ်မှာ CDM ပြုလုပ်လို့ အလုပ်ထုတ်ခံရတဲ့ ဝန်ထမ်းတွေလည်းရှိပါတယ်။

စစ်အစိုးရလက်အောက်မှာ အလုပ်မလုပ်ချင်တဲ့အတွက် နှုတ်ထွက်သွားတဲ့ ဝန်ထမ်းတွေကိုလည်း CDMဝန်ထမ်းအဖြစ်သတ်မှတ်မယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...
August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...
ဓာတ်ပုံ - Crd
August 26, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ တောင်ယာလုပ်ငန်းခွင် နေရာကို ယမန်နေ့ ဩဂုတ်လ ၂၅ ရက်...
ဓာတ်ပုံ - Crd
August 25, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း၊ လွိုင်နန်းဖမြို့နယ်အတွင်းရှိ အထက်တန်းကျောင်း...