မြစ်ကြီးနားအခြေစိုက် သတင်းသမားနှစ်ဦး ရိုက်နှက် ဖမ်းဆီးခံရ

မြစ်ကြီးနားအခြေစိုက် သတင်းသမားနှစ်ဦး ရိုက်နှက် ဖမ်းဆီးခံရ
by -
ခေါင်ညွယ် (KNG)

မြစ်ကြီးနားမှ သတင်းသမားနှစ်ဦး ယနေ့ (မတ် ၂၉ ရက်) တွင် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

 

အဆိုပါ သတင်းသမားများသည် အေးစေတီရပ်ကွက်တွင် ဆန္ဒပြသည့်အခြေအနေနှင့်ပတ်သက်၍ သတင်းယူနေစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း နှင့် ဖမ်းဆီးစဉ် ရိုက်နှက်ခံရကြောင်းလည်း မျက်မြင်သက်သေများ၏ ပြေဆိုချက်အရ သိရသည်။

 

“ဖမ်းဆီးခံရတဲ့ သတင်းသမားနှစ်ယောက်က သတင်းသမားဖြစ်တယ် မရိုက်နဲ့လို့ပြောနေတယ်။ ဒါပေမယ့် နင်တို့သတင်းသမားတွေကို ပိုပြီးရိုက်ရမယ်လို့ဆိုပြီး အချက်ပေါင်းများစွာရိုက်တယ်လို့” မျက်မြင်သက်သေတစ်ဦးကပြောသည်။

 

အကြမ်ဖက်ဖမ်းဆီးခံရသော သတင်းထောက်နှစ်ဦးသည် မြစ်ကြီးနားအခြေစိုက် The 74 Media သတင်းဌာနမှ မချန်ဘူနှင့် Kachin Waves သတင်းဌာနမှ ကိုလရော်တို့ဖြစ်ကြောင်း သိရသည်။

 

မြစ်ကြီးနားတွင် သတင်းထောက်များ ဖမ်းဆီးခံရမှုမှာ ပြီးခဲ့သည့်လတွင်လည်း နှစ်ကြိမ်ရှိခဲ့ဖူးသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...