ယနေ့ ဟားခါးမြို့ ဆန္ဒဖော်ထုတ်ချိန် အဖမ်းခံရသူ ၁၀ဦးခန့်ရှိပြီး မိန်းကလေးတစ်ဦးပါဝင်

ယနေ့ ဟားခါးမြို့ ဆန္ဒဖော်ထုတ်ချိန် အဖမ်းခံရသူ ၁၀ဦးခန့်ရှိပြီး မိန်းကလေးတစ်ဦးပါဝင်

ယနေ့ညနေ ၂နာရီကျော်ခန့်တွင် ဟားခါးမြို့လူထုမှ အာဏာရှင်ဆန့်ကျင်ရေးလမ်းလျှောက်ဆန္ဒပြခဲ့ပြီး ရဲနှင့်စစ်သားများမှ ရာဘာကျည်ဖောက်လူစုခွဲခဲ့ပြီး အဖမ်းခံရသူ ၁၀ ဦးခန့်ရှိနိုင်တယ်လို့ မျက်မြင်ဒေသခံတစ်ဦးမှ ပြောသည်။

" ထောင်ကားပေါ်တင်တာက မိန်းကလေးတစ်ဦးလည်း တွေ့တယ်၊အဖိုးကြီးလည်းတွေ့တယ်၊အဖိုးကြီးလမ်းလျှောက်ရင်းခေါ်သွားတာပါ၊ထင်တာကတော့ ထောင်ကားပေါ်မှာ ၁၀ယောက်လောက်တော့ရှိမယ်ထင်တယ်" ဟု မျက်မြင်တစ်ဦးမှ ပြောသည်။

အဖမ်းခံရသူထဲတွင် ရာဘာကျည်ထိမှန်သူများလည်း ပါရှိကြောင်းသိရသည်။ဟားခါးမြို့တွင် မတ်လ ၂၄ရက် (မနေ့ည) တွင်လည်းအဖမ်းခံရသူ ၁၀ဦးခန့်ရှိပြီး ယနေ့ဖမ်းဆီးသူနှင့် စုစုပေါင်းဖမ်းဆီးခံရသူအယောက် ၂၀ ကျော်ခန့်ရှိကြောင်းသိရသည်။အဖမ်းဆီးခံရသူထဲတွင် တက္ကသိုလ်ကျောင်းသူ ၂ဦး နှင့် တက္ကသိုလ်ကျောင်းသားများလည်းပါဝင်ကြောင်းသိရသည်။

ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...
August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...