ယနေ့ ဟားခါးမြို့ ဆန္ဒဖော်ထုတ်ချိန် အဖမ်းခံရသူ ၁၀ဦးခန့်ရှိပြီး မိန်းကလေးတစ်ဦးပါဝင်

ယနေ့ ဟားခါးမြို့ ဆန္ဒဖော်ထုတ်ချိန် အဖမ်းခံရသူ ၁၀ဦးခန့်ရှိပြီး မိန်းကလေးတစ်ဦးပါဝင်

ယနေ့ညနေ ၂နာရီကျော်ခန့်တွင် ဟားခါးမြို့လူထုမှ အာဏာရှင်ဆန့်ကျင်ရေးလမ်းလျှောက်ဆန္ဒပြခဲ့ပြီး ရဲနှင့်စစ်သားများမှ ရာဘာကျည်ဖောက်လူစုခွဲခဲ့ပြီး အဖမ်းခံရသူ ၁၀ ဦးခန့်ရှိနိုင်တယ်လို့ မျက်မြင်ဒေသခံတစ်ဦးမှ ပြောသည်။

" ထောင်ကားပေါ်တင်တာက မိန်းကလေးတစ်ဦးလည်း တွေ့တယ်၊အဖိုးကြီးလည်းတွေ့တယ်၊အဖိုးကြီးလမ်းလျှောက်ရင်းခေါ်သွားတာပါ၊ထင်တာကတော့ ထောင်ကားပေါ်မှာ ၁၀ယောက်လောက်တော့ရှိမယ်ထင်တယ်" ဟု မျက်မြင်တစ်ဦးမှ ပြောသည်။

အဖမ်းခံရသူထဲတွင် ရာဘာကျည်ထိမှန်သူများလည်း ပါရှိကြောင်းသိရသည်။ဟားခါးမြို့တွင် မတ်လ ၂၄ရက် (မနေ့ည) တွင်လည်းအဖမ်းခံရသူ ၁၀ဦးခန့်ရှိပြီး ယနေ့ဖမ်းဆီးသူနှင့် စုစုပေါင်းဖမ်းဆီးခံရသူအယောက် ၂၀ ကျော်ခန့်ရှိကြောင်းသိရသည်။အဖမ်းဆီးခံရသူထဲတွင် တက္ကသိုလ်ကျောင်းသူ ၂ဦး နှင့် တက္ကသိုလ်ကျောင်းသားများလည်းပါဝင်ကြောင်းသိရသည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...