လားရှိုးတွင် ပေါက်ကွဲမှု တရက်တည်း ၂ကြိမ်ဖြစ်

လားရှိုးတွင် ပေါက်ကွဲမှု တရက်တည်း ၂ကြိမ်ဖြစ်

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့၊ ရပ်ကွက် (၁) နားမခေါ်၊ နတ်ရေကန်လမ်းသွယ် (၉) ရှိ နေအိမ်တလုံံး ယနေ့ ( မတ် ၂၃) ရက် ညနေပိုင်းတွင် ပေါက်ကွဲမှု ၂ကြိမ်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားသည့် နေအိမ်သည် တပ်အငြိမ်းစား တဦး ဖြစ်သည့် ဦးသန်းတင်၏ နေအိမ်ဖြစ်ပြီး၊ ပေါက်ကွဲမှုကြောင်း လူ(၂)ဦးထိခိုက်ဒဏ်ရာရရှိကြောင်း လည်း လားရှိုး လူမှုကွန်ရက် စာမျက်နှာတွင် ပျံ့နှံ့နေသည်။

“ ပေါက်ကွဲသံတော်တော်ကျယ်တယ်။ ညနေ ၃နာရီမှာ တကြိမ်၊ ၄နာရီမှာတကြိမ်ဖြစ်တယ်။ တရပ်ကွက်လုံးဆူညံသွားတာပဲ။ ၂ဦးဒဏ်ရာ ရထားတယ်” ဟု လားရှိုးဒေသခံ တဦးက ပြောသည်။

ယနေ့ မနက်ပိုင်းတွင်လည်း လားရှိုး စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြသည့် ဆိုင်ကယ်သပိတ်ကို အရပ်သားဝတ် အကြမ်းဖက် စစ်ကောင်စီ က WISH ကားဖြင့် လိုက်တိုက်ကြောင်း လည်း မျက်မြင်သက်သေ က ပြောဆိုသည်။

“ ဒီနေ့ ရဲတွေ စစ်သားတွေလမ်းတိုင်းလိုလိုမှာ စောင့်နေတယ်။ နောက်ပြီး စစ်ဆေးမှုတွေ အရမ်းများတယ်” ဟု ဒေသခံတဦးက ပြောသည်။

ယမန်နေ့ မတ် ၂၂ ရက်တွင်လည်း လားရှိုးမြို့၊ ရပ်ကွက် (၄) ရှိ ရဲရိပ်သာတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ သေးသည်။

May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...