ဖမ်းဆီးခံထားရသည့် ပိုလန်နိုင်ငံသား သတင်းထောက် ပြန်လည်လွတ်မြောက်လာ

ဖမ်းဆီးခံထားရသည့် ပိုလန်နိုင်ငံသား သတင်းထောက် ပြန်လည်လွတ်မြောက်လာ

တောင်ကြီးမြို့တွင် သတင်းရယူနေစဉ် ဖမ်းဆီးခံထားရသည့် ပိုလန်နိုင်ငံသား ဓာတ်ပုံသတင်းထောက်တစ်ဦး ယမန်နေ့ (မတ် ၂၂ ရက်)တွင် ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးခံရသည့် ပိုလန်နိုင်ငံသားဓာတ်ပုံသတင်းထောက်ကို အကြမ်းဖက် စစ်ကောင်စီ က လဝက အက်ဥပဒေ ၁၃(၁)ဖြင့် တောင်ကြီးမြို့နယ် တရားရုံးတွင် တရားစွဲဆိုခဲ့ပြီး၊ ဒဏ်ငွေကျပ် ၂သိန်း ဒဏ်ငွေအဖြစ် ပေးဆောင်ရန် အမိန့်ချခဲ့သည်။

ဖမ်းဆီးခံရသည့် ပိုလန်နိုင်ငံသား ဓာတ်ပုံသတင်းထောက် သည် တောင်ကြီးခရိုင် တောင်လေးလုံးထောင်တွင် (၁၁)ရက်ထိဖမ်းဆီးချုပ်နှောင်ခံရပြီး ယမန်နေ့ (မတ် ၂၂)ရက်တွင် ပြန်လွှတ်မြောက်လာခဲ့သည်။

စစ်အာဏာရှင်အား ဆန္ဒပြနေမှုကို သတင်းရယူနေသော ပိုလန်နိုင်ငံသား ဓါတ်ပုံသတင်းထောက် Robert Bociaga ကို မတ်လ ၁၁ ရက်က အကြမ်းဖက် စစ်ကောင်စီ က အကြမ်းဖက်ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...