ဖမ်းဆီးခံထားရသည့် ပိုလန်နိုင်ငံသား သတင်းထောက် ပြန်လည်လွတ်မြောက်လာ

ဖမ်းဆီးခံထားရသည့် ပိုလန်နိုင်ငံသား သတင်းထောက် ပြန်လည်လွတ်မြောက်လာ

တောင်ကြီးမြို့တွင် သတင်းရယူနေစဉ် ဖမ်းဆီးခံထားရသည့် ပိုလန်နိုင်ငံသား ဓာတ်ပုံသတင်းထောက်တစ်ဦး ယမန်နေ့ (မတ် ၂၂ ရက်)တွင် ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးခံရသည့် ပိုလန်နိုင်ငံသားဓာတ်ပုံသတင်းထောက်ကို အကြမ်းဖက် စစ်ကောင်စီ က လဝက အက်ဥပဒေ ၁၃(၁)ဖြင့် တောင်ကြီးမြို့နယ် တရားရုံးတွင် တရားစွဲဆိုခဲ့ပြီး၊ ဒဏ်ငွေကျပ် ၂သိန်း ဒဏ်ငွေအဖြစ် ပေးဆောင်ရန် အမိန့်ချခဲ့သည်။

ဖမ်းဆီးခံရသည့် ပိုလန်နိုင်ငံသား ဓာတ်ပုံသတင်းထောက် သည် တောင်ကြီးခရိုင် တောင်လေးလုံးထောင်တွင် (၁၁)ရက်ထိဖမ်းဆီးချုပ်နှောင်ခံရပြီး ယမန်နေ့ (မတ် ၂၂)ရက်တွင် ပြန်လွှတ်မြောက်လာခဲ့သည်။

စစ်အာဏာရှင်အား ဆန္ဒပြနေမှုကို သတင်းရယူနေသော ပိုလန်နိုင်ငံသား ဓါတ်ပုံသတင်းထောက် Robert Bociaga ကို မတ်လ ၁၁ ရက်က အကြမ်းဖက် စစ်ကောင်စီ က အကြမ်းဖက်ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်။

May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...