နမ့်ခမ်းတွင် ယမ်းများ ပေါက်ကွဲမှုကြောင့် လူ ၅၀ ကျော် သေဆုံး

နမ့်ခမ်းတွင် ယမ်းများ ပေါက်ကွဲမှုကြောင့် လူ ၅၀ ကျော် သေဆုံး

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က သိုလှောင်ထားသည့် မိုင်းတွင်းသုံး ယမ်းပျော့များ မတော်တဆ ပေါက်ကွဲမှုကြောင့် လူ ၅၅ ဦး ထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

မေလ ၃၁ ရက် နေ့လယ်ပိုင်းက နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်ထားသော ယမ်းပျော့များ မတော်တဆပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း TNLA က ထုတ်ပြန်ထားသည်။

ပေါက်ကွဲမှုကြောင့် အနီးနားရှိ လူနေအိမ်များ ပျက်စီးခဲ့ရပြီး ထိခိုက်သေဆုံးသူများထဲတွင် အမျိုးသမီးများနှင့် ကလေးငယ်များလည်း ပါဝင်နေကြောင်း ဒေသခံ ကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

TNLA ဘက်ကမူ အဆိုပါယမ်းများသည် မိုင်းတွင်းကျောက်ထုတ်လုပ်ရေးလုပ်ငန်းများအတွက် သိုလှောင်ထားခြင်းဖြစ်ပြီး မတော်တဆမှုသာဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး တာဝန်ရှိသူများကို အရေးယူဆောင်ရွက်သွားမည်ဟုလည်း ဆိုသည်။

နမ့်ခမ်းမြို့ခံများနှင့် လူမှုကယ်ဆယ်ရေး အသင်းဝင်များ၏ ပြောပြချက်အရ ပေါက်ကွဲမှုသည် အရမ်းပြင်းထန်သည့်အတွက် အနီးနားရှိအိမ်အများစု ပျက်စီးသွားခဲ့ကြောင်း၊ လက်ရှိသေဆုံးသူမှာ အမျိုးသမီး ၂၅ ဦးနှင့် အမျိုးသား ၃၀ ဦး စုစုပေါင်း ၅၅ ဦး ထက်မနည်း ရှိလာကြောင်းနှင့် ထိခိုက်ဒဏ်ရာသူ ၇၀ ဦးကျော်ကိုလည်း ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် လူနေရပ်ကွက်များနှင့် နီးကပ်သည့်နေရာများတွင် လက်နက်ခဲယမ်းများ သိုလှောင်ထားခြင်းကြောင့် ဒေသခံများအကြား စိုးရိမ်ပူပန်မှုများကို မြင့်တက်နေကြောင်း သိရသည်။

နမ့်ခမ်းမြို့သည် ပြီးခဲ့သည့် "၁၀၂၇ စစ်ဆင်ရေး" အတွင်း TNLA က ထိန်းချုပ်နိုင်ခဲ့သည့် မြို့များထဲမှ တစ်မြို့ဖြစ်သည်။

TNLA အနေဖြင့် ကျန်ရစ်သူမိသားစုများအတွက် ဝမ်းနည်းကြောင်း ပြောဆိုထားပြီး နစ်နာသူများအတွက် ပြန်လည်ထူထောင်ရေးနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်းသိရသည်။

ဓာတ်ပုံ - အင်းလေး ဖောင်တော်ဦး ဘုရားပွဲတော်။
September 11, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် လာမည့် အောက်တိုဘာလ၌ ကျင်းပမည့်...
ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂၈) သင်တန်းဖွင့်ပွဲပုံ။ / (ဓါတ်ပုံ - CINCDS Myanmar)
September 10, 2026
စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်းအတွင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှုများ...
သိန္နီမြို့နယ်အတွင်း ယမ်းပေါက်ကွဲမှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ / Crd
September 8, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် စက်တင်ဘာလ ၈ ရက် နံနက်အစောပိုင်းက...
မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် တာချီလိတ်မြို့အတွင်း ရေဝင်ရောက်နေမှု / Crd
September 8, 2026
သျှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့်...