နှစ်ပေါင်း ၂၀ ကျော်အခြေစိုက်သည့် စစ်စခန်းကိုသိမ်းပိုက်ကြောင်း KNU ထုတ်ပြန်

နှစ်ပေါင်း ၂၀ ကျော်အခြေစိုက်သည့် စစ်စခန်းကိုသိမ်းပိုက်ကြောင်း KNU ထုတ်ပြန်
Photo: KNU
Photo: KNU

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၄) နယ်မြေ၊ မြိတ်-ထားဝယ်ခရိုင်၊ လယ်မူလားမြို့နယ်၊ တနင်္သာရီချောင်းမကြီးအနီးရှိ ကျောက်လုံးကြီးကျေးရွာအတွင်း နှစ်ပေါင်း (၂၀) ကျော် အခြေချတပ်စွဲထားသော စစ်အုပ်စု၏ ကျောက်လုံးကြီး (လယ်ဖဒို) တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက မေလ (၂၉) ရက်နေ့ ညနေ (၄) နာရီအချိန်တွင် တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်း ကေအဲန်ယူ မြိတ်-ထားဝယ်ခရိုင် ပြည်သူ့ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးက သတင်းထုတ်ပြန်သည်။

အဆိုပါ ကျောက်လုံးကြီးစခန်းကို မေလ (၁၉) ရက်နေ့ နံနက် (၇) နာရီအချိန်မှစတင်၍ ကရင်လွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၄)၊ ဗျူဟာအမှတ် (၁) ဦးဆောင်မှုဖြင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့- KNDO တပ်ရင်း (၇) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက (၁၁) ရက်တိုင်တိုင် တိုက်ခိုက်ခဲ့ပြီးနောက် မေလ (၂၉) ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

၎င်းစခန်းသည် စစ်အုပ်စု၏ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်၊ အမှတ် (၂) ဗျူဟာလက်အောက်ခံ စခန်းတစ်ခုဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ဇွန်လအတွင်းက KNLA တပ်မဟာ (၄) နှင့် မဟာမိတ်ပူးပေါင်းတပ်များက "အောင်သာဝရစခန်း" ကို သိမ်းပိုက်စဉ်အတွင်း ၎င်းစစ်ဗျူဟာစခန်းကို စွန့်ခွာ၍ ထွက်ပြေးတိမ်းရှောင်သွားခဲ့ဖူးသည်။

သို့သော်လည်း နောက်ပိုင်းတွင် အဆိုပါ ကျောက်လုံးကြီးစခန်း၌ စစ်အုပ်စု၏ ခမရ (၄၃၃) တပ်ရင်းမှ အင်အား (၈၀) ကျော်ဖြင့် ဗျူဟာကာကင်းတစ်ခုအနေဖြင့် ပြန်လည်ဝင်ရောက် အခြေပြုတပ်စွဲခဲ့ခြင်းဖြစ်ကြောင်း ကေအဲန်ယူ၏ ထုတ်ပြန်ချက်အရ သိရသည်။

CJ (ကျုံဒိုး-ကော့ကရိတ်လမ်း ပုံဟောင်း)
September 11, 2026
ကရင်ပြည်၊ ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းတစ်လျှောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့ နေရာများတွင် အခိုင်အမာ...
September 11, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်သည့် ကော်သူးလေ (ကရင်ပြည်) နယ်မြေများအတွင်း ၂၀၂၄ ခုနှစ်၊...
September 10, 2026
တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ်ခရိုင်အတွင်းရှိ ကျေးရွာများသို့ ယခု စက်တင်ဘာလအတွင်း စစ်အုပ်စုတပ်က...
September 10, 2026
ကရင်ပြည်၊ မြဝတီမြို့မြောက်ဘက် ရွှေကုက္ကိုလ်မှ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ဆောင်သူ...