ပင်လောင်း ခရမ်းချဉ်သီးစိုက်သူ အရှုံးပေါ်

ပင်လောင်း ခရမ်းချဉ်သီးစိုက်သူ အရှုံးပေါ်

စိုင်းဆိုင်အိုက် — သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် ခရမ်းချဉ်သီးဈေးနှုန်း ကျဆင်းမှုကြောင့် အရင်းအနှီးပြန်မရသည်အထိ ဆုံးရှုံးမှုများ နေကြောင်း စုံစမ်းသိရသသည်။

မြန်မာနိုင်ငံအတွင်း နေ့စဉ်နှင့်အမျှ ကုန်ဈေးနှုန်းများ မြှင့်တက်လာသည့်အလျောက် ပင်လောင်းမြို့နယ်တွင် ပြီးခဲ့သည့် မေလ နောက်ဆုံးပတ်မှ စပြီး ခရမ်းချဉ်သီးဈေးနှုန်း ဆက်တိုက်ကျဆင်းနေကြောင်း စိုက်ပျိုးရေးသမား ကိုချမ်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ပြီးခဲ့တဲ့ပတ်က တစ်ပိဿကို ၄၀၀ကျပ်ဈေးနဲ့ပဲရတယ်။ ဒီပတ်ထဲမှာ ဈေးတွေက ဆက်ပြီးကျနေတာ။ အောင်ပန်သွားရောင်းရင် ကားခ၊လူငှားပြီးခူးတဲ့ခ ကျန်တာတွေကောဆိုရင် ထပ်ကုန်မှာဆိုတော့ ဘာမှမကျန်ပြန်။ တချို့တော့လည်း အမျိုးပဲထားတော့တာ။တချို့ကြတော့လည်း ရသလောက်ပဲ အရှုံးခံပြီးရောင်းကြတာ။” စိုက်ပျိုးရေးသမား ကိုချမ်းက ပြောသည်။

လက်ရှိ ခရမ်းချဉ်သီးတစ်ပိဿ မြန်မာ ကျပ်ငွေ ၃၀၀ အောက်သာကျန်ရှိနေပြီး အမြင့်ဆုံးဈေး တစ်ပိဿ ၄၀၀ ကျပ်အထိသာရှိသဖြင့် အရင်းအနှီးပြန်မရသည် အထိဆုံးရှုံးမှုများနေကြောင်း စိုက်ပျိုးရေးသမား ကိုချမ်းက ဆက်ပြောသည်။

“ခုက ဒီဈေးနဲ့ပြန်ရောင်းရတာကတော့ အမြတ်မပြောနဲ့ အရင်းတောင်မရဘူး။ ပုံမှန်ဆို ဈေးက ၁၅၀၀၊၂၀၀၀ကျပ် ထိရှိရမှာ။ အခုက ၅၀၀ကျပ်တောင် မကျော်တဲ့ ဈေးနဲ့ ရောင်းပြီးတော့ ရှုံးတာများတယ်။ ဈေးမရှိတော့ မြတ်တယ်လို့ ပြောတာမရှိသလောက်ပဲ။ဒီနှစ်တော့ ခြံထွက်သီးနှံတွေ ဘာမှကို ဈေးမကောင်းတာ”ဟု ၎င်းက ပြောသည်။

ထိုကြောင့် ခရမ်းချဉ်သီး တစ်ဧက စိုက်ပျိုးရန် ဓာတ်မြေသြဇာ၊ နေ့စားခ၊ ရေဖိုး ၊အပင်ဆေးဖြန်းဖိုး စသည့် ကုန်ကျစရိတ်များအားလုံး အပြီးအစီး ကျပ်သိန်း ၄၀ ဝန်းကျင် ကုန်ကျကြောင်း ၎င်းက ပြောသည်။

အချို့သော ခရမ်းချဉ်သီးစိုက်ပျိုးသူများသည် ကြာရှည်သိုလှောင်မရသည့် သီးနှံဖြစ်သည့်အတွက် ဝယ်ယူသူ မရှိသည့် အသီးများကို လမ်းဘေးတွင် စွန့်ပစ်လိုက်ရသည် အထိဖြစ်ကြုံတွေ့ နေကြောင်းသိရသည်။

ပြီးခဲ့သည့် ၂၀၂၄ - ၂၀၂၅ ခုနှစ်တွင် ခရမ်းချဉ်သီး တစ်ပိဿလျှင် ၁၅၀၀ ကျပ် မှ ၂၀၀၀ ဝန်းကျင် အထိ ဈေးရခဲ့သည်။

အလားတူ သျှမ်းပြည်တောင်ပိုင်းတွင် စိုက်ပျိုးသည့် ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီနှင့် အာလူး စသည့် ရာသီပေါ် သီးနှံများလည်း တောင်သူများ နှစ်စဉ် အရှုံးခံကာ ရောင်းချနေရပြီး အချို့တောင်သူများသည် ကုန်စည်ပို့ဆောင်ခ ကုန်ကျမည်ကို စိုးရိမ်သဖြင့် လွှင့်ပစ်လိုက်ရသည့်အဆင့် ရောက်ရှိခဲ့ကြောင်း သိရသည်။

Most read this week

ဟိုပုံးမြို့နယ်အတွင်းတွေ့ရသည့် စစ်အုပ်စု၏ စစ်မှုထမ်းသင်တန်းဆင်းပွဲ မြင်ကွင်းတစ်ခု။ / Credit
September 16, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၌ စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) အတွက်...
သျှမ်း-ကရင်နီ နယ်စပ်တစ်နေရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ / Credit
September 15, 2026
သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု...
မုဒိမ်းကျင့်ခံရပြီး ရိုက်နှက်ခံရသည့် မိန်းကလေးငယ် / Crd
September 14, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး...
ဓာတ်ပုံ - အင်းလေး ဖောင်တော်ဦး ဘုရားပွဲတော်။
September 11, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် လာမည့် အောက်တိုဘာလ၌ ကျင်းပမည့်...