ကလေးမြို့မှာ placement test ဖြေဆိုရန် ကျောင်းသား/သူ ၃၀၀၀ ကျော် လာရောက် အပ်နှံ

ကလေးမြို့မှာ placement test ဖြေဆိုရန် ကျောင်းသား/သူ ၃၀၀၀ ကျော် လာရောက် အပ်နှံ

ကလေးမြို့နယ် ပညာရေးမှူးရုံးမှာ ကျောင်းပညာရေး ပြတ်တောက်သွားခဲ့တဲ့ အသက် ၁၅ နှစ်အောက် ကလေးများ ကျောင်းပြန်တက် နိုင်ရန်အတွက် ပြုလုပ်မည့် အဆင့်သတ်မှတ် စမ်းသပ်ချက် စာမေးပွဲ (placement test) ဖြေဆိုရန် ပထမ ငါးရက်အတွင်းနာမည်စာရင်း အပ်နှံသူ ချင်းစစ်ရှောင်များစွာပါဝင်တဲ့ကျောင်းသား/သူ ဦးရေ ၃ ထောင်ကျော် ရှိသွားပြီ လို့ ကလေးမြို့ ပညာရေးမှူးရုံး နဲ့ နီးစပ်သူများထံမှ သိရှိခဲ့ရ ပါတယ်။ 

“ကလေးမြို့ စုပေါင်းရုံးမှာ ကျောင်းသားတွေ၊ ကျောင်းသား မိဘတွေနဲ့ ဒီ တပတ်လုံး လူစည်ကား နေပါတယ်။ သတိထားမိ သလောက်ကတော့ ချင်းပြည်နယ် မြို့နယ် အသီးသီးက စစ်ဘေးရှောင် ကျောင်းသားများစွာ ပါဝင်တာ တွေ့ရတယ်။ ဒီကနေ့ မြို့နယ် လကုန် အစည်းအဝေးမှာတော့ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးက placement test စာမေးပွဲ ဖြေဖို့ စာရင်းပေးသွင်းသူ ကျောင်းသား ၃ ထောင်ကျော်ပြီး ပုံမှန်ကျောင်းအပ်သူ ဦးရေ တစ်သောင်းခွဲ ရှိပြီလို့ ပြောခဲ့တယ်” လို့ ကလေးမြို့ အထွေထွေ အုပ်ချုပ်ရေးမှူး ရုံးနဲ့ နီးစပ်သူ တဦးက ပြောကြားသွားပါတယ်။ 

ကျောင်းပညာရေးပြတ်တောက်သွားတဲ့ အသက် ၁၅ နှစ်အောက် ကလေးတွေကို အဆင့်သတ်မှတ် စမ်းသပ်ချက် စာမေးပွဲ (Placement Test) ဖြေဆိုစေပြီး ကျောင်းပြန်တက်ခွင့်ပေးမယ်လို့ ပညာရေးဝန်ကြီးဌာနက မေ ၂၁ ရက်မှာ ထုတ်ပြန်ကြေညာလိုက် တာ ဖြစ်ပြီး သက်ဆိုင်ရာ မြို့နယ် ပညာရေးမှူးရုံးတွေမှာ မေလ ၂၂ ရက်နေ့ကနေ ဇွန်လ ၅  ရက်နေ့ အထိ ပိတ်ရက် မရှိ စာရင်းပေးသွင်း နိုင်မှာ ဖြစ်တယ်လို့ လည်း ကြေညာချက်မှာ ဖော်ပြ ထားပါတယ်။ 

အသက် ၇ နှစ်ကနေ ၁၃ နှစ်အထိ ကလေးတွေကို Grade 1 ကနေ Grade 7 အထိ၊ အသက် ၁၄ နှစ်နဲ့ ၁၅ နှစ်အရွယ်တွေကိုတော့ Grade 8 Placement Test ဖြေဆိုခွင့် ပေးမှာ ဖြစ်ပြီး စာမေးပွဲ အောင်မြင်သူတွေဟာ သူတို့ ဖြေဆိုခွင့် ရရှိတဲ့ အတန်း ကနေ တတန်း တိုးမြှင့် ဆက်တက်ခွင့် ရရှိမှာ ဖြစ်တယ် လို့လည်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန် ကြေညာချက် အရ သိရှိရ ပါတယ်။ 

အဆင့်သတ်မှတ် စမ်းသပ်ချက်(Placement Test) စာမေးပွဲတွေကို လာမယ့် ဇွန် ၁၅ ရက်ကနေ ၂၀ ရက်အထိ အခြေခံပညာမူလတန်းနဲ့ အလယ်တန်းအဆင့်တွေကို သက်ဆိုင်ရာမြို့နယ် စာစစ်ဌာနတွေမှာ စစ်ဆေးမယ်လို့ထုတ်ပြန်ထားပါတယ်။

September 12, 2026
ချင်းပြည်၊ တီးတိန်မြို့နယ်၊ လိုင်တွီး (Laitui) ကျေးရွာတွင် ဒေသခံများ မြေမြှုပ် မိုင်း...
September 7, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်တွင် အခြေခံပညာရေး သင်ရိုးညွှန်းတမ်းကို ရခိုင်ဘာသာစကားဖြင့် သင်ကြားရန်...
ဓါတ်ပုံ - Crd
September 4, 2026
ချင်းပြည်၊ မင်းတပ်မြို့ပေါ်နှင့် အနီးဝန်းကျင်သို့ စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းတွင် စစ်အုပ်စုတပ်က...
September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...