ဘင်္ဂလားဒေ့ရှ် ကော့စ်ဘဇားခရိုင်မှ မူဆလင်ဒုက္ခသည်စခန်းတစ်ခု မီးအကြီးအကျယ်လောင်နေ

ဘင်္ဂလားဒေ့ရှ် ကော့စ်ဘဇားခရိုင်မှ မူဆလင်ဒုက္ခသည်စခန်းတစ်ခု မီးအကြီးအကျယ်လောင်နေ

ဘင်္ဂလာဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားခရိုင်၊ အိုကီးယားမြို့နယ်ရှိ ဘာလုခါလီ ( Balukhali) မူဆလင်ဒုက္ခသည် စခန်း မီးအကြီးအကျယ်လောင်နေကြောင်း သတင်းရရှိသည်။

၎င်းမီးမှာ မြန်မာနိုင်ငံမှ ထွက်ပြေးခိုလှုံလာကြသည့် မူဆလင်ဒုက္ခသည်များနေထိုင်သည့် ဘာလုခါလီစခန်းဖြစ်ကြောင်း၊ ယနေ့ ညနေ ၄ နာရီ ၃၀ မိနစ်စတင်ပြီး စခန်းအမှတ် ၈ (W) မှ စတင်လောင်ကျွမ်းခြင်းဖြစ်ပြီး ယင်းမှတစ်ဆင့် စခန်းအမှတ် ၈ (H)၊ ၉ နှင့် ၁၀ ထိ ကူးစက် လောင်နေသည်ဟု သိရသည်။

ယခုမီးလောင်မှုတွင် အိမ်ပေါင်း ၁၀၀၀ ခန့် မီးထဲပါသွားပြီ ဖြစ်ပြီး အသေအပျောက် အထိအခိုက် စာရင်းကို ချက်ချင်း မသိရသေးဟု ဆိုသည်။

လောလောဆယ်တွင် မီးဆက်လက် လောင်ကျွမ်းနေပြီး စခန်းထဲမှ လူများကို ပြောင်းရွှေ့နေသည်ဟု သိရသည်။

ကော့စ်ဘဇား၊ ရာမူး (ပန်းဝါ)၊ တက်ကနက်၊ အိုကီးယား မီးသတ်ဌာနမှ မီးသတ်ကားများဖြင့် ငြိမ်းသတ်နေသည်ဟု ဆိုသည်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...