ဘင်္ဂလားဒေ့ရှ် ကော့စ်ဘဇားခရိုင်မှ မူဆလင်ဒုက္ခသည်စခန်းတစ်ခု မီးအကြီးအကျယ်လောင်နေ

ဘင်္ဂလားဒေ့ရှ် ကော့စ်ဘဇားခရိုင်မှ မူဆလင်ဒုက္ခသည်စခန်းတစ်ခု မီးအကြီးအကျယ်လောင်နေ

ဘင်္ဂလာဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားခရိုင်၊ အိုကီးယားမြို့နယ်ရှိ ဘာလုခါလီ ( Balukhali) မူဆလင်ဒုက္ခသည် စခန်း မီးအကြီးအကျယ်လောင်နေကြောင်း သတင်းရရှိသည်။

၎င်းမီးမှာ မြန်မာနိုင်ငံမှ ထွက်ပြေးခိုလှုံလာကြသည့် မူဆလင်ဒုက္ခသည်များနေထိုင်သည့် ဘာလုခါလီစခန်းဖြစ်ကြောင်း၊ ယနေ့ ညနေ ၄ နာရီ ၃၀ မိနစ်စတင်ပြီး စခန်းအမှတ် ၈ (W) မှ စတင်လောင်ကျွမ်းခြင်းဖြစ်ပြီး ယင်းမှတစ်ဆင့် စခန်းအမှတ် ၈ (H)၊ ၉ နှင့် ၁၀ ထိ ကူးစက် လောင်နေသည်ဟု သိရသည်။

ယခုမီးလောင်မှုတွင် အိမ်ပေါင်း ၁၀၀၀ ခန့် မီးထဲပါသွားပြီ ဖြစ်ပြီး အသေအပျောက် အထိအခိုက် စာရင်းကို ချက်ချင်း မသိရသေးဟု ဆိုသည်။

လောလောဆယ်တွင် မီးဆက်လက် လောင်ကျွမ်းနေပြီး စခန်းထဲမှ လူများကို ပြောင်းရွှေ့နေသည်ဟု သိရသည်။

ကော့စ်ဘဇား၊ ရာမူး (ပန်းဝါ)၊ တက်ကနက်၊ အိုကီးယား မီးသတ်ဌာနမှ မီးသတ်ကားများဖြင့် ငြိမ်းသတ်နေသည်ဟု ဆိုသည်။

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...