လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်မှာ ဆန္ဒပြပြည်သူ ၂ဦး ကျည်အစစ်ထိမှန်

လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်မှာ ဆန္ဒပြပြည်သူ ၂ဦး ကျည်အစစ်ထိမှန်

ဒီနေ့ မတ်လ ၁၉ ရက်နေ့ မနက် ၁၁နာရီ ၁၅ မိနစ်လောက်မှာ မှာ လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်က ဆန္ဒထုတ်သူပြည်သူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေက လာရောက်ဖြိုခွဲခဲ့ပြီး ကျည်အစစ်ထိမှန်သူ ၂ ဦးနဲ့ ဖမ်းဆီးခံရသူ တစ်ဦး ရှိတယ်လို့ အဲဒီမှာ ရှိတဲ့ ဆန္ဒထုတ်ဖော်သူ တစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“ကျည်အစစ်က ၁၅ ချက်လောက်ရှိမယ်၊ ပစ်တာက။ လူတယောက်ကိုတော့ ဖမ်းသွားတယ်။ တစ်ယောက်ကတော့ ပေါင်ထိသွားတယ်။…၂ယောက်တော့ထိတယ်လို့ ပြောတယ်ဒါပေမဲ့။ မျက်စိရှေ့ တွေ့တာတော့ ၁ယောက်ပဲ။” လို့ မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့သူတစ်ဦးကပြောပါတယ်။

သေနတ်ကျည်အစစ်ထိမှန်သူ တစ်ဦးကိုတော့ ကြက်ခြေနီကားနဲ့ သယ်ထုတ်သွားကြတယ်လို့ဆိုပါတယ်။

မိုင်းလုံးရပ်ကွက်က ဆန္ဒပြတဲ့နေရာကို မနက် ၁၁ နာရီလောက်မှာ စစ်တပ်နဲ့ ရဲတွေက လာရောက်ဖြိုခွင်းတာ၊ စက်ယန္တာယားတွေနဲ့ လမ်းရှင်းတာတွေလုပ်ခဲ့တာဖြစ်တယ်လို့ မျက်မြင်သက်သေတစ်ဦးကပြောပါတယ်။

ချိကယ်နဲ့ တခြား သပိတ်တွေမှာလည်း ရာဘာကျည်တွေနဲ့ ပစ်ခတ်ခံရလို့ ဒဏ်ရာရရှိသူတွေ ရှိနေတယ်လို့ သိရပါတယ်။

ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...
August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...
ဓာတ်ပုံ - Crd
August 26, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ တောင်ယာလုပ်ငန်းခွင် နေရာကို ယမန်နေ့ ဩဂုတ်လ ၂၅ ရက်...