ရှမ်း-ကယားနယ်စပ်က ဒေသခံပြည်သူ ၃၀ ခန့်နဲ့ သပိတ်ကော်မတီဝင်တစ်ဦးကို စစ်တပ်မှ ဖမ်းဆီး

ရှမ်း-ကယားနယ်စပ်က ဒေသခံပြည်သူ ၃၀ ခန့်နဲ့ သပိတ်ကော်မတီဝင်တစ်ဦးကို စစ်တပ်မှ ဖမ်းဆီး

စစ်သား ၄ဦးပျောက်ဆုံးမှုကိုအကြောင်းပြုပြီး ရှမ်း-ကယားနယ်စပ်က ကျေးရွာတွေမှာ ရှာဖွေမှုတွေပြုလုပ်နေတဲ့ စစ်တပ်ဟာ အဲဒီကျေးရွာမှာရှိတဲ့ ဒေသခံပြည်သူ ၃၀ ခန့်နဲ့ အတူ ကြားဝင်ညှိနှိုင်းပေးတဲ့ ကယားပြည်နယ် သပိတ်ကော်မတီဝင် ခွန်းမျိုးလှိုင်ဝင်းကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ကယားပြည်နယ် စစ်အာဏာရှင်စနစ် ဆန့်ကျင့်ရေး လူထုလှုပ်ရှားမှု သပိတ်ကော်မတီက ထုတ်ပြန်ထားပါတယ်။

သူတို့ကို မတ်လ ၁၈ ရက် ညနေ ၄နာရီ ခန့်မှာ ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီးတော့ ဘယ်နေရာပို့ဆောင်ထားလဲဆိုတာကိုတော့ မသိရဘူးလို့ ဒေသခံတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

စစ်သား ၄ဦးပျောက်ဆုံးမှု နဲ့ မသက်ဆိုင်တဲ့ သပိတ်ကော်မတီဝင် ခွန်းမျိုးလှိုင်ဝင်း နဲ့ ဒေသခံ ပြည်သူ တွေပြန်လွတ်ပေးဖို့ ကယားပြည်နယ် စစ်အာဏာရှင်စနစ် ဆန့်ကျင့်ရေး လူထုလှုပ်ရှားမှု သပိတ်ကော်မတီက ထုတ်ပြန်ချက်မှာတောင်းဆိုထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်နေ့တုန်းက ရှမ်း-ကယား နယ်စပ်က ဆောင်ကန်း(ရှမ်း၊ကယား)ကျေးရွာတွေ၊ လယ်ထွန်ရွာနဲ့ ဝှာရီတောင်ခြေရွာတွေကို စစ်တပ်အင်အားအလုံးအရင်းနဲ့ ရောက်ရှိလာပြီး သူတို့ရဲ့ ပျောက်ဆုံးနေတဲ့ စစ်သား ၄ ဦးကို ရှာဖွေမှုတွေပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီကိစ္စကြောင့် ဒေသခံပြည်သူတွေကန့်ကွက်ခဲ့ပေမဲ့ စစ်တပ်ဖက်က ရာဘာကျည်၊ ကျည်အစစ်နဲ့ မျက်ရည်ယိုဗုံးတွေအသုံးပြုပြီး အကြမ်းဖက်ခဲ့တာတွေရှိခဲ့တယ်လို့ သိရပါတယ်။

ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...
August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...
ဓာတ်ပုံ - Crd
August 26, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ တောင်ယာလုပ်ငန်းခွင် နေရာကို ယမန်နေ့ ဩဂုတ်လ ၂၅ ရက်...