ဒီးမောဆိုမြို့နယ်၊ ဖဲလျားကျေးရွာမှ စာသင်ကျောင်းကို CDM ကျောင်းအဖြစ် သတ်မှတ်ကာ ဆိုင်းဘုတ်တင်

ဒီးမောဆိုမြို့နယ်၊ ဖဲလျားကျေးရွာမှ စာသင်ကျောင်းကို CDM ကျောင်းအဖြစ် သတ်မှတ်ကာ ဆိုင်းဘုတ်တင်

ဒီးမောဆိုမြို့နယ်၊ ထီးဖိုးကလိုးကျေးရွာအုပ်စုရှိ ဖဲလျားကျေးရွာမှ စာသင်ကျောင်းကို CDM ကျောင်းအဖြစ် သတ်မှတ်ကာ မတ်လ ၁၂ ရက်နေ့မှာ CDM ဆိုင်းဘုတ်တင်လိုက်တယ်လို့ ကျေးရွာ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

” ကျနော်တို့ကျေးရွာသူ၊ ကျေးရွာသားတွေ၊ ဆရာမတွေ ပူးပေါင်းပြီးတော့ ရှူံ့ချတဲ့အချက်ပေါ့နော။ မလိုလားတဲ့အချက်ပေါ့နော။ နံပါတ်တစ်က စစ်အာဏာရှင်ဖျက်သိမ်းရေးပေါ့နော၊ နောက်ပြီး စစ်ကောင်စီအောက်မှာ လုံးဝ ကျနော်တို့ သားသမီးတွေပေါ့နော၊ စာမသင်စေချင်ဘူးပေါ။ပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေလည်း ဖျက်သိမ်းစေချင်တယ်။ ပြီးတော့ ဖမ်းဆီးခံထားတဲ့ နိုင်ငံ့ခေါင်းဆောင်များ၊ နိုင်ငံ့အကျဥ်းသားများအားလုံးကို ပြန်လွတ်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ပါ။ ” လို့ ဖဲလျားကျေးရွာမှ တာဝန်ရှိသူ တစ်ဦးက CDM ကျောင်းအဖြစ် သတ်မှတ်ရတဲ့ ရည်ရွယ်ချက်ကို ပြောပါတယ်။

တခြားကျောင်းတွေကိုလည်း ပူးပေါင်းပါဝင်ပေးဖို့ သူက တိုက်တွန်းတောင်းဆိုသွားပါတယ်။

ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...
August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...
ဓာတ်ပုံ - Crd
August 26, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ တောင်ယာလုပ်ငန်းခွင် နေရာကို ယမန်နေ့ ဩဂုတ်လ ၂၅ ရက်...