ရွေးကောက်ပွဲကော်မရှင်အသစ်နှင့်တွေ့ဆုံရန်ZCDပါတီဆုံးဖြတ်၊CNLDပါတီနှင့်အရှိုချင်းအမျိုးသားပါတီတို့မဆုံးဖြတ်ရသေး

ရွေးကောက်ပွဲကော်မရှင်အသစ်နှင့်တွေ့ဆုံရန်ZCDပါတီဆုံးဖြတ်၊CNLDပါတီနှင့်အရှိုချင်းအမျိုးသားပါတီတို့မဆုံးဖြတ်ရသေး

အာဏာသိမ်းစစ်ကောင်စီမှအသစ်ဖွဲ့စည်းထားသည့်ရွေးကောက်ပွဲကော်မရှင်နှင့်တွေ့ဆုံဆွေးနွေးရန်ဖိတ်ခေါ်မှုကိုဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှတွေ့ဆုံရန်ဆုံးဖြတ်ထားပြီးCNLDပါတီနှင့်အရှိုချင်းအမျိုးသားပါတီတို့မဆုံးဖြတ်ရသေးကြောင်းအဆိုပါပါတီများထံမှသိရသည်။

ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီအထွေထွေအတွင်းရေးမူး  Pu Gin Kam Lianက " တွေ့ဆုံဖို့ ရှိပါတယ် လောလောဆယ် ကလေးမြို့ကနေသွားဖို့လိုင်းကားလည်း

မရှိဘူးလေယာဥ်လည်းမရှိသေးတော့ကားစင်းလုံးဌားဖို့လိုက်ရှာနေတုန်းဖြစ်တယ်။ ပါတီဆိုတာဘယ်အစိုးရတက်တက်သက်ဆိုင်သော ကော်မရှင်နဲ့ ဆက်သွယ်ရပါတယ်" ဟုပြောပါသည်။

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(CNLD)နှင့်အရှိုချင်းအမျိုးသားပါတီတာ၀န်ရှိသူများထံဆက်သွယ်မေးမြန်းရာရွေးကောက်ပွဲကော်မရှင်အသစ်နှင့်နိုင်ငံရေးပါတီများတွေ့ဆုံပွဲတက်ရောက်မည်မတက်ရောက်မည်ကိုမဆုံးဖြတ်ရသေးကြောင်းဖြေကြားသည်။

 ၂၀၂၁ခုနှစ်ဖေဖော်ဝါရီလ၁ရက်နေ့တွင်စစ်တပ်အာဏာသိမ်းခဲ့ပြီးနောက်ရွေးကောက်ပွဲ ကော်မရှင်အသစ်ကို ဖွဲ့စည်းခဲ့ပါသည်။

အသစ်ဖွဲ့ထားသည့် ရွေးကောက်ပွဲ ကော်မရှင်အသစ်သည်နိုင်ငံရေးပါတီများနှင့် လာမည့် ဖေဖော်၀ါရီလ ၂၆ ရက်သောကြာနေ့တွင် တွေ့ဆုံရန် ဖိတ်ခေါ်ထားသည်။

 စစ်တပ်အာဏာသိမ်းပြီးနောက် အသစ်ဖွဲ့ထားသည့် ရွေးကောက်ပွဲ ကော်မရှင်နှင့် တွေ့ဆုံရန် နိုင်ငံရေးပါတီ အချို့မှာ မဆုံးဖြတ်ရသေးဘဲ အချို့ပါတီမှာ ဖိတ်ကြားခြင်းကို လက်မခံခဲ့ကြကြောင်းလည်း သိရပါသည်။

May 23, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နဲ့ ၂ မိုင် အကွာမှာ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ ချင်းလက်နက်ကိုင်...
May 22, 2026
နေရပ်ပြန်မယ့် ဖလမ်းမြို့ ဒေသခံတွေအတွက် ဖလမ်းခရစ်ယာန်ဓမ္မအမှုတော်ဆောင်များ မိတ်သဟာယ ( FCMF) က...
May 21, 2026
စစ်ကောင်စီတပ်ဖွဲ့ဟာ ချင်းပြည်နယ်အတွင်း  တားမြစ်ထားတဲ့ ပဒေသာဗုံး ( Cluster Bomb တွေနဲ့...
May 20, 2026
ချင်းပြည်အရေးပေါ် ကာကွယ်ရေး ရန်ပုံငွေအတွက် အရှေ့အလယ်ပိုင်းနိုင်ငံများ (Middle East)ကို...