ရွေးကောက်ပွဲကော်မရှင်အသစ်နှင့်တွေ့ဆုံရန်ZCDပါတီဆုံးဖြတ်၊CNLDပါတီနှင့်အရှိုချင်းအမျိုးသားပါတီတို့မဆုံးဖြတ်ရသေး

ရွေးကောက်ပွဲကော်မရှင်အသစ်နှင့်တွေ့ဆုံရန်ZCDပါတီဆုံးဖြတ်၊CNLDပါတီနှင့်အရှိုချင်းအမျိုးသားပါတီတို့မဆုံးဖြတ်ရသေး

အာဏာသိမ်းစစ်ကောင်စီမှအသစ်ဖွဲ့စည်းထားသည့်ရွေးကောက်ပွဲကော်မရှင်နှင့်တွေ့ဆုံဆွေးနွေးရန်ဖိတ်ခေါ်မှုကိုဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှတွေ့ဆုံရန်ဆုံးဖြတ်ထားပြီးCNLDပါတီနှင့်အရှိုချင်းအမျိုးသားပါတီတို့မဆုံးဖြတ်ရသေးကြောင်းအဆိုပါပါတီများထံမှသိရသည်။

ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီအထွေထွေအတွင်းရေးမူး  Pu Gin Kam Lianက " တွေ့ဆုံဖို့ ရှိပါတယ် လောလောဆယ် ကလေးမြို့ကနေသွားဖို့လိုင်းကားလည်း

မရှိဘူးလေယာဥ်လည်းမရှိသေးတော့ကားစင်းလုံးဌားဖို့လိုက်ရှာနေတုန်းဖြစ်တယ်။ ပါတီဆိုတာဘယ်အစိုးရတက်တက်သက်ဆိုင်သော ကော်မရှင်နဲ့ ဆက်သွယ်ရပါတယ်" ဟုပြောပါသည်။

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(CNLD)နှင့်အရှိုချင်းအမျိုးသားပါတီတာ၀န်ရှိသူများထံဆက်သွယ်မေးမြန်းရာရွေးကောက်ပွဲကော်မရှင်အသစ်နှင့်နိုင်ငံရေးပါတီများတွေ့ဆုံပွဲတက်ရောက်မည်မတက်ရောက်မည်ကိုမဆုံးဖြတ်ရသေးကြောင်းဖြေကြားသည်။

 ၂၀၂၁ခုနှစ်ဖေဖော်ဝါရီလ၁ရက်နေ့တွင်စစ်တပ်အာဏာသိမ်းခဲ့ပြီးနောက်ရွေးကောက်ပွဲ ကော်မရှင်အသစ်ကို ဖွဲ့စည်းခဲ့ပါသည်။

အသစ်ဖွဲ့ထားသည့် ရွေးကောက်ပွဲ ကော်မရှင်အသစ်သည်နိုင်ငံရေးပါတီများနှင့် လာမည့် ဖေဖော်၀ါရီလ ၂၆ ရက်သောကြာနေ့တွင် တွေ့ဆုံရန် ဖိတ်ခေါ်ထားသည်။

 စစ်တပ်အာဏာသိမ်းပြီးနောက် အသစ်ဖွဲ့ထားသည့် ရွေးကောက်ပွဲ ကော်မရှင်နှင့် တွေ့ဆုံရန် နိုင်ငံရေးပါတီ အချို့မှာ မဆုံးဖြတ်ရသေးဘဲ အချို့ပါတီမှာ ဖိတ်ကြားခြင်းကို လက်မခံခဲ့ကြကြောင်းလည်း သိရပါသည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...