မင်းတပ်မြို့ ထွေအုပ်ရုံးမှဝန်ထမ်း ၂၇ ဦး တာဝန်မှယာယီရပ်ဆိုင်း

မင်းတပ်မြို့ ထွေအုပ်ရုံးမှဝန်ထမ်း ၂၇ ဦး တာဝန်မှယာယီရပ်ဆိုင်း

မင်းတပ်မြို့ အေထြေထြ အုပ်ချုပ်ရေးဦးစီးဌာနမှ စစ်တပ်အာဏာသိမ်းမှု အပေါ် ကန့်ကွက်သည့် CDM ဝင်သော ဝန်ထမ်း၂၇ ဦးကိုတာဝန်မှ ယာယီရပ်ဆိုင်းပြီလို့ သတင်းရရှိပါတယ်။

CDM လှုပ်ရှားမှုတွင်ပါဝင်သော ဝန်ထမ်းများကို နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ အခန်း ( ၁၈ )၊အပိုဒ် (၁၉၆၊၁၉၇) နှင့်အညီ စွဲချက်တင်ပြီး တာဝန်မှ ယာယီရပ်ဆိုင်းလိုက်ကြောင်းသတင်းရရှိပါတယ်။

ယင်းရာထူးမှ ယာယီရပ်ဆိုင်းထားသော ဝန်ထမ်းများသည်အာဏာသိမ်းစစ်အစိုးရလက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်း မရှိသဖြင့် CDM လှုပ်ရှားမှုတွင် ပါဝင်ကြောင်း နှင့် ပြည်သူတင်မြှောက်ထားသောအရပ်သား အစိုးရထံ စစ်တပ်မှ အာဏာလွှဲအပ်ခြင်း မပြုသည့် ကာလ ပတ္လုံး တာဝန်ထမ်းဆောင်ခြင်းမပြုဘဲ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မည်ဟု ကနဦး သဘောထားထုတ်ပြန်ချက် အရသိရှိရပါတယ်။

May 23, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နဲ့ ၂ မိုင် အကွာမှာ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ ချင်းလက်နက်ကိုင်...
May 22, 2026
နေရပ်ပြန်မယ့် ဖလမ်းမြို့ ဒေသခံတွေအတွက် ဖလမ်းခရစ်ယာန်ဓမ္မအမှုတော်ဆောင်များ မိတ်သဟာယ ( FCMF) က...
May 21, 2026
စစ်ကောင်စီတပ်ဖွဲ့ဟာ ချင်းပြည်နယ်အတွင်း  တားမြစ်ထားတဲ့ ပဒေသာဗုံး ( Cluster Bomb တွေနဲ့...
May 20, 2026
ချင်းပြည်အရေးပေါ် ကာကွယ်ရေး ရန်ပုံငွေအတွက် အရှေ့အလယ်ပိုင်းနိုင်ငံများ (Middle East)ကို...