မင်းတပ်မြို့ အေထြေထြ အုပ်ချုပ်ရေးဦးစီးဌာနမှ စစ်တပ်အာဏာသိမ်းမှု အပေါ် ကန့်ကွက်သည့် CDM ဝင်သော ဝန်ထမ်း၂၇ ဦးကိုတာဝန်မှ ယာယီရပ်ဆိုင်းပြီလို့ သတင်းရရှိပါတယ်။
CDM လှုပ်ရှားမှုတွင်ပါဝင်သော ဝန်ထမ်းများကို နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ အခန်း ( ၁၈ )၊အပိုဒ် (၁၉၆၊၁၉၇) နှင့်အညီ စွဲချက်တင်ပြီး တာဝန်မှ ယာယီရပ်ဆိုင်းလိုက်ကြောင်းသတင်းရရှိပါတယ်။
ယင်းရာထူးမှ ယာယီရပ်ဆိုင်းထားသော ဝန်ထမ်းများသည်အာဏာသိမ်းစစ်အစိုးရလက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်း မရှိသဖြင့် CDM လှုပ်ရှားမှုတွင် ပါဝင်ကြောင်း နှင့် ပြည်သူတင်မြှောက်ထားသောအရပ်သား အစိုးရထံ စစ်တပ်မှ အာဏာလွှဲအပ်ခြင်း မပြုသည့် ကာလ ပတ္လုံး တာဝန်ထမ်းဆောင်ခြင်းမပြုဘဲ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မည်ဟု ကနဦး သဘောထားထုတ်ပြန်ချက် အရသိရှိရပါတယ်။








