ရခိုင်တွင်ခရီးသည်တင် အမြန်ရေယာဉ်လိုင်းများပြန်ဖွင့်ပေးရေး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌကို စာရေးတောင်းဆို

ရခိုင်တွင်ခရီးသည်တင် အမြန်ရေယာဉ်လိုင်းများပြန်ဖွင့်ပေးရေး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌကို စာရေးတောင်းဆို

ရခိုင်တွင် ခရီးသည်တင် အမြန်ရေယာဉ်လိုင်းများ ပြန်ဖွင့်ပေးရန် ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဒေါက်တာ အောင်ကျော်မင်းထံသို့ ပုဂ္ဂလိက ရေယာဉ်လိုင်းပေါင်းစုံက ဖေဖော်ဝါရီ ၁၆ ရက်နေ့က စာရေးတင်ပြထားကြောင်း သတင်းရရှိသည်။

ရွေပြည်တန်ရေယာဉ်လိုင်းမန်နေဂျာ ဦးစံမော်သိန်းက “ လောလောဆယ် ဘယ်မြို့မှ မဆွဲ ရသေးပါဘူး။ ရေယာဉ်လိုင်းတွေ အကုန်လုံး ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌထံကို စာတင်ထားတယ်။ ပြည်နယ်အုပ်ချုပ်ရေးကောင်စီကိုတင်ထားတာပါ။ ခရီသည်တွေ အဆင်ပြေပြေ ခရီးသွားလာနိုင်ဖို့ပေါ့။ ပိတ်ထားခဲ့တာ ၆ လလောက်ရှိခဲ့ပြီမဟုတ်လား။ ဒီရေယာဉ်လိုင်းတွေကို  ပြန်ဖွင့်ပေးစေချင်တယ်။” ဟုပြောသည်။

လွန်ခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ် စက်တင်ဘာလစပြီး ရေယဉ်လိုင်းများကို ကိုဗစ်-၁၉ ကြောင့်  ကျန်းမာရေး ဌာန၏ ညွှန်ကြားချက်အရ ပိတ်ထားခဲ့ရကြောင်း ၄င်းက ပြောကြားသည်။

 “ စက်တင်ဘာလလောက်ကစပြီး ကိုဗစ်ကာကွယ်ရေးအတွက် ရေယာဉ်လိုင်းတွေကို ပိတ်ထားတာ။ အခုဆိုရင် ကိုဗစ်ဖြစ်ပွားတဲ့နှုန်းကလည်းကျဆင်းသွားပြီ။ နယ်မြေအခြေအနေလည်း တည်ငြိမ် နေပြီဆိုတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေက ရေကြောင်းလိုင်းတွေကို ပြန်ဖွင့်ပေးသင့်နေပါပြီ”  ဟု ၎င်းက ဆက်ပြောသည်။

ရခိုင်ပြည်နယ်မှ အဓိက လူသွားလူလာများသည့် စစ်တွေ- ဘူးသီးတောင် ရေယာဉ်လမ်းကြောင်းကို ပိတ်ထားသဖြင့် ဘူးသီးတောင်ဒေသခံများမှာ ကားဖြင့် မောင်တောသို့ လာကာ၊ မောင်တောမှ အငူမော်၊ အငူမော်က မေယုမြစ်ကို စက်လှေဖြင့် ဖြတ်ကာ စစ်တွေသို့ သွားလာနေကြရသည်။

ရခိုင်ပြည်နယ်သည် ရေကြောင်းကို အဓိကအခြေခံပြီး ခရီးသွားလာနေရသည့် ဒေသတစ်ခုဖြစ်သဖြင့် ယခုကဲ့သို့ ရေယာဉ်လိုင်းများကို ပိတ်ထားသဖြင့် ခရီးသွားလာရေးများစွာအခက်ကြုံနေရသည်ဟု သိရသည်။

ရခိုင်ပြည်နယ်မြို့တော် စစ်တွေကို ဗဟိုပြုပြီး ပြေးဆွဲနေသော စစ်တွေ- ဘူးသီးတောင်၊ စစ်တွေ- မြောက်ဦး၊ စစ်တွေ-ပေါက်တော-မင်းပြား၊ စစ်တွေ-ကျောက်ဖြူ-တောင်ကုတ် ရေယာဉ်လိုင်းများမှာ အားလုံးရပ်ဆိုင်းနေရသည်ဟု သိရသည်။

ရခိုင်တွင် ပြေးဆွဲနေသော အမြန်ရေယာဉ်များမှာ ရွေပြည်တန်၊ မလိခ၊ ပေါက်တောတံခွန်တို့ ဖြစ်ကြသည်။

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...