ရခိုင်ပြည်နယ်မှ ကျွန်းများတွင် အမြောက်လက်နက်များ လေ့ကျင့်ပစ်ခတ်မည်ဟုဆို

ရခိုင်ပြည်နယ်မှ ကျွန်းများတွင် အမြောက်လက်နက်များ လေ့ကျင့်ပစ်ခတ်မည်ဟုဆို

ရခိုင်ပြည်နယ်မှ တပ်စခန်းချထားရာ မာန်အောင်ကျွန်းစခန်း၊ ကျွန်းသာယာစခန်း၊ နံ့သာကျွန်းစခန်းနှင့် မေယုကျွန်းစခန်းတို့တွင် တိုက်ပွဲဝင်အသင့်ရှိစေရေးတို့အတွက် အမြောက်လက်နက်များ လေ့ကျင့် ပစ်ခတ်ခြင်းကို ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် ပြုလုပ်သွားမည်ဟု သတင်းရရှိသည်။

ရသေ့တောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်သိန်းက ဖေဖော်ဝါရီ ၁၆ ရက် လက်မှတ်ထိုး ပြီး ရပ်ကျေးအုပ်ချုပ်ရေးမှူးများထံသို့ ပေးပို့သောစာတွင်  ၂၀၂၁ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် မေယုကျွန်းစခန်းနှင့် နံ့သာကျွန်းစခန်း လေ့ကျင်ပစ်ခတ်ချိန်တွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ လေ့ကျင့်ပတ်ခတ်မည့် ကျွန်းစခန်း၏ ရေပြင်နယ်နိမိတ် အနီး(၁၀) မိုင် ပတ်လည်အတွင်းသို့ လှေ/ စက်လှေ/ သင်္ဘောများနှင့် လူများ သွားလာမှု မရှိစေရေး ရပ်ကွက်/ ကျေးရွာအုပ်စု၊ ကျေးရွာများသို့ အသိပေးအကြောင်းကြားပါသည်ဟု ပါရှိသည်။

ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်သိန်းက “ ဟုတ်ပါတယ်။ စာထုတ်ထားတာ ဟုတ်ပါတယ်။ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေဆီကိုတော့ စာပို့ထားပါတယ်။ ဒေသခံပြည်သူတွေအနေနဲ့ အဲဒီနေ့  အဲဒီပတ်ဝန်းကျင်ကနေ ရှောင်ရှားဖို့ အသိပေးထားပါတယ်” ဟု ပြောကြားသည်။

အဆိုပါ ကျွန်းအနီးဝန်းကျင်တွင် ငါးဖမ်းလှေများအနေဖြင့် သတိပြုရှောင်ရှားကြရန် လိုအပ်သည်ဟု သိရသည်။

၎င်းအမြောက်ပစ်ခတ်လေ့ကျင့်မှုကို အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ မာန်အောင်ကျွန်းစခန်း၊ ကျွန်းသာယာစခန်း၊ နံ့သာကျွန်းစခန်းနှင့် မေယုကျွန်းစခန်းတို့တွင် ပြုလုပ်သွားမည် ဖြစ်သည်။

ဓာတ်ပုံ - စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ မြင်ကွင်း။ Photo: Narinjara / AA
August 10, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ကျောက်ကြီးကျေးရွာ အနီးဝန်းကျင်နှင့် ဆေးရုံအနီးတို့ကို စစ်တပ်က...
August 8, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ကို အာရက္ခတပ်တော် (AA) ဝင်ရောက်တိုက်ခိုက်လာနိုင်သည်ဟု ယူဆနေသည့် စစ်အုပ်စု...
August 7, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့ပေါ် ရပ်ကွက်ငါးခုနှင့် ကျေးရွာ ၁၀၆ ရွာတို့တွင် ဩဂုတ်လ ၆ ရက်နေ့အထိ...
August 6, 2026
ရခိုင်ပြည်၊ ဂွနှင့် သံတွဲမြို့နယ်တို့၏ ကောင်းကင်ယံတွင် စစ်တပ်၏ လေယာဉ်များ...