မြစ်ကြီးနား ပညာရေးကောလိပ်ရှေ့ ဆရာမနှစ်ဦးနှင့်ဆန္ဒထုတ်ဖော်မည့် ပြည်သူများအား ဖမ်းဆီးနေ

မြစ်ကြီးနား ပညာရေးကောလိပ်ရှေ့ ဆရာမနှစ်ဦးနှင့်ဆန္ဒထုတ်ဖော်မည့် ပြည်သူများအား ဖမ်းဆီးနေ

မြစ်ကြီးနား ပညာရေးကောလိပ်‌ရှေ့တွင်  ဝန်ထမ်း ဆရာမ (၂)ဦးနှင့် ဆန္ဒထုတ်ဖော်မည့် မြို့တွင်းနေပြည်သူများအား ယနေ့မနက်က  ဖမ်းဆီးသွားကြောင်း သိရသည်။

အဆိုပါဆရာမ နှစ်ဦးသည် အ.မ.က (ပမ္မတီး)မှ ဆရာမ ဒေါ်အေးကြည်ကြည်စိန် နှင့် ဝိုင်းမော်မြို့က ဆရာမ ဒေါ်အေးချမ်းမေ ဖြစ်ကြောင်းသိရသည်။

``ကျွန်တော်သိရသလောက်ကတော့ လက်ရှိမှာ ဆရာမနှစ်ယောက် အပါအဝင် ဒီအချိန်အထိဖမ်းဆီးခံရသူ ၁၅ ဦးလောက်ရှိပြီလို့သိရတယ်။ " ဟု ရှေ့နေတစ်ဦးကပြောသည်။

ယင်းဆရာမနှစ်ဦးအဖမ်းခံရသည်ကို မြင်လိုက်သည့် အမျိုးသမီးတစ်ဦးကလည်း အောက်ပါအတိုင်းရှင်းပြသည်။

``ပညာ‌ရေးကောလိပ်ဆိုင်းဘုတ်ရှေ့ထောင့်မှာ ဆိုင်ကယ်စီးပြီးသွားနေတာကို ‌ရဲတွေက ရှေ့ကာတဲ့ဒိုင်နဲ့ပြေးတက်လာပြီး လိုက်ရိုက်တယ်။ နှစ်ယောက်စီးလာတာကို အတင်း ဆွဲချတယ်။ ရိုက်ချတယ်။ ပစ်လဲတယ်။ သွေး‌ထွက် သံယိုဖြစ်ပြီး လဲကျနေတာ တွေ့လိုက်တယ်။" ဟု အထက်ပါမျက်မြင်သက်‌သေ အမျိုးသမီးက ဆိုသည်။

အချုပ်ကား အပြင် ရဲကား (၂)စီး ၊ စစ်ကား (၅)စီးတို့ဖြင့် လိုက်လံဖမ်းဆီးခဲ့ကြသည်။

``သူတို့ဆွဲဆောင့် ခေါ်သွားလို့ သူနာပြုဆရာမတစ်ယောက်က ခေါင်းကို အုတ်ခုံနဲ့ ရိုက်မိပြီး သွေး‌ထွက်သွားတာ တွေ့လိုက်တယ်။" ဟု မျက်မြင်သက်‌သေ မျိုးသားတစ်ဦးကလည်းပြောသည်။

ထို့အပြင် မြစ်ကြီးနားမြို့ လူထုဆန္ဒထုတ်‌ ‌ေဖာ်ရေးအတွက် ပုံမှန် စုရပ်နေရာများဖြစ်သော နောင်ရာပါကွင်းနှင့် မြစ်ကြီးနားတက္ကသိုလ်ရှေ့ နေရာတို့တွင် တပ်မတော်က နေရာပိတ်ဆို့ထားသည်ကို တွေ့ရသည်။

မြို့အတွင်း အခြား လူစုနိုင်မည့်နေရာများတွင်လည်း ရဲနဲ့ စစ်သားများက လိုက်လံ လူစုခွဲနေကြောင်း သိရသည်။

August 6, 2026
(၃၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအတွက် ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင်...
July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...