ပြည်သူ့အစိုးရမဟုတ်သောကြောင့် တပ်မတော်ဖက်မှကမ်းလှမ်းသည့်ရာထူးကို ငြင်းပယ်ခဲ့ကြောင်း အငြိမ်းစားပြည်နယ်စည်ပင်ညွှန်မူး ဦးထလာဟရဲမှဆို

ပြည်သူ့အစိုးရမဟုတ်သောကြောင့် တပ်မတော်ဖက်မှကမ်းလှမ်းသည့်ရာထူးကို ငြင်းပယ်ခဲ့ကြောင်း အငြိမ်းစားပြည်နယ်စည်ပင်ညွှန်မူး ဦးထလာဟရဲမှဆို

Ruth Su Pan - ချင်းပြည်နယ် အငြိမ်းစားပြည်နယ်စည်ပင်ညွှန်ကြားရေးမူးဖြစ်ပြီး၂၀၂၀ ရွေးကောက်ပွဲတွင်ဝင်ရောက်ယှဥ်ပြိုင်ခဲ့သည့်တစ်သီးပုဂ္ဂလကိုယ်စားလှယ်ဟောင်း ဦးထလာဟရဲကို တပ်မတော်ဖက်မှ ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီဝင် (သို့မဟုတ်) ဥက္ကဋ္ဌ ရာထူးအဖြစ် ကမ်းလှမ်းခြင်းခဲ့သော်လည်း ၄င်းမှ ပြန်လည်ငြင်းပယ်ခဲ့ကြောင်း Chin World ၏မေးမြန်းမူ့ကိုဦးထလာဟရဲမှဖြေကြားသည်။

 "ဟုတ်ပါတယ် ကျွန်တော့ကို ကမ်းလှမ်းကြပါတယ်၊ မနေ့ကပေါ့။ အခုလက်ရှိတာဝန်ရှိတဲ့ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဝင် အားလုံးပေါ့လေ၊ စုံပါတယ်။ အဲ့ချိန်မှာ ကျွန်တော့ကို တရားဝင်ကမ်းလှမ်းပါတယ်။ ဒါပေမယ့် ကျွန်တော်က ငြင်းပယ်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က ပြည်သူ့အစိုးရဆိုရင်တော့ ဒါစဥ်းစားရမှာပေါ့လေ၊ ပြည်သူ့အစိုးရ မဟုတ်တဲ့အတွက် ကျွန်တော့အနေနဲ့ ကိုယ့်ခံယူချက်နဲ့ကိုယ်ပေါ့နော်၊ အဲဒါကြောင့် ငြင်းပယ်တာဖြစ်ပါတယ်။ နောက် ကျွန်တော်ကိုယ်တိုင်ရော၊ မိသားစုရော အကုန်လုံးတိုင်ပင်ပါတယ်၊ တိုင်ပင်ပြီးတော့မှ တရားဝင် ငြင်းပယ်တာ ဖြစ်ပါတယ်လို့ ပြောချင်ပါတယ်"ဟု ဦးထလာဟရဲမှဖြေကြားသည်။

၄င်း၏ကိုယ်ရေးမှတ်တမ်းကိုကြည့်ပြီး ပြည်နယ်ဥဣဌသို့မဟုတ်ကောင်စီ၀င်၀န်ကြီးနေရာအမျိုးမျိုးကမ်းလှမ်းသော်လည်းပြည်သူ့အတွက်ကြောင့်ရာထူးကိုငြင်းပယ်ခဲ့ခြင်းဖြစ်သည်ဟုဦးထလာဟရဲမှဆိုသည်။

" အကြီးဆုံး ဥက္ကဋ္ဌနေရာ သို့မဟုတ် ဝန်ကြီးအဆင့် တစ်နေရာရာပေါ့လေ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒါမှမဟုတ် ကောင်စီဝင်ပေါ့။ အဲတော့ အဲ့ဒါကို ကိုယ်ရေးမှတ်တမ်းကို ကြည့်ပြီးတော့မှ ဒါရမယ်ပေါ့၊ အဲ့ဒီသဘောမျိုးနဲ့ကမ်းလှမ်းတာဖြစ်တယ်၊ကျွန်တော့်ကိုယ်ရေးမှတ်တမ်းကတော့ ဒါသူတို့ဆီမှာလည်း ရှိပြီးသားပေါ့နော်၊ ကျွန်တော်က ဝန်ထမ်းလုပ်ခဲ့တာ ဆိုတော့ အကုန်လုံးရှိပြီးသားပေါ့၊ အဲ့တော့ ကျွန်တော့ profile ကတော့ ကောင်းတယ်လို့တော့ ပြောကြတယ်။ ကျွန်တော်က နိုင်ငံရေးသမားတော့ ဟုတ်တယ်၊ ဒါပေမယ့် party စွဲ မရှိဘူး၊ NLD ပါတီဝင်လည်း မဟုတ်ဘူး၊ တစ်ခြား party ဝင်လည်းမဟုတ်ဘူး၊ အဲတော့ သီးခြားတစ်သီး ပုဂ္ဂလပေါ့နော်၊  ၂၀၂၀ မှာ ကျွန်ေတာ် ဝင်ပြိုင်တာဖြစ်ပါတယ်။ ဆိုတော့ party စွဲ မရှိဘူး၊ ပြည်သူ့အတွက်ပဲ။ ပြည်သူအတွက်ဆိုပြီးတော့မှ ဒါကျွန်တော်က ခံယူချက်ရှိပါတယ်။ အဲဒါကြောင့် ငြင်းပယ်တာ ဖြစ်ပါတယ်။ " ဟု ဦးထလာဟရဲ မှ ပြောသည်။

ဦးထလာဟရဲသည်ချင်းပြည်နယ်ပြည်နယ်စည်ပင်ညွှန်ကြားရေးမူးတာ၀န်ထမ်းဆောင်ပြီးအငြိမ်းစားယူပြီးနောက် ၂၀၂၀၊ နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပသည့် အထွေထွေရွေးကောက်ပွဲတွင် ဟားခါးမြို့နယ်တွင် သီးခြား တစ်သီး ပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး အနိုင်မရခဲ့ကြောင်းသိရသည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...