တပ်မတော်မှ မိုင်းရှင်းလင်းရေးစတင်၊ တစ်နေ့တာရှာဖွေအပြီးမိုင်းတစ်လုံးမှတွေ့ရှိခြင်းမရှိသေးဟုဆို

တပ်မတော်မှ မိုင်းရှင်းလင်းရေးစတင်၊ တစ်နေ့တာရှာဖွေအပြီးမိုင်းတစ်လုံးမှတွေ့ရှိခြင်းမရှိသေးဟုဆို

ဇွဲဓန - ရခိုင်ပြည်နယ်မှ နေရာတချို့တွင် ယမန်နေ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့ကစပြီး တပ်မတော်က မိုင်းရှင်းလင်းရေးလုပ်ငန်းများကို စတင်လုပ်ဆောင်နေရာ ယခုအချိန်ထိ  မိုင်းတစ်လုံးမှ တွေ့ရှိခြင်း မရှိသေးကြောင်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နေထွန်းလှိုင်က နိရဉ္စရာသတင်းဌာနသို့ ပြောဆိုသည်။

မိုင်းရှင်းလင်းရေး ပြုလုပ်နေသည့် နေရာများမှာ အမ်း-စစ်တွေ ပြည်ထောင်စု ကားမကြီး ဘေးဝဲယာ တစ်လျှောက်၊ ရသ့တောင်မြို့နယ် အငူမော်မှ မောင်တောမြို့နယ် ခမောင်းဆိပ်ကျေးရွာထိ ကားလမ်းတစ်လျှောက် ဘေးဝဲယာများ ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“ ကျနော်တို့ မိုင်းရှင်းတာက မနေ့က စပြီးရှင်းတာဖြစ်တယ်။ အမ်းမြို့ကနေပြီး စရှင်းတာ တစ်ဖွဲ့ ရှိတယ်။ ပြီးတော့ စစ်တွေကနေပြီးတော့ ပုဏ္ဏားကျွန်းဘက်ကိုတက်သွားတာ တစ်ဖွဲ့ရှိတယ်။ အငူမော်ကနေပြီးတော့ ခမောင်းဆိပ်ရွာသွားလမ်းအထိ တစ်ဖွဲ့ ရှင်းလင်းခဲ့တယ်။ ဒီနေ့အချိန်ထိ အမ်း-စစ်တွေ ကားလမ်းနဲ့ အငူမော် ခမောင်းဆိပ်သွားလမ်းတွေမှာတော့ မိုင်းတစ်လုံးမှ တွေ့တာတော့ မရှိသေးဘူးခဗျား” ဟု ဗိုလ်မှူးကြီး နေထွန်းလှိုင်က ပြောသည်။  

မိုင်းရှင်းလင်းရေးလုပ်ငန်းကို နှစ်ပတ်အတွင်းမှာ  အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ မိုင်းကျွမ်းကျင်သူ တပ်ဖွဲ့ဝင် အင်အားအပြည့် ဖြည့်၍ ရှင်းလင်းသွားမည်ဖြစ်ကြောင်း၊ မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သော ကျေးရွာအနီးတစ်ဝိုက် ပတ်ဝန်းကျင်များအား နောက်မှ မိုင်းရှင်းလင်းရေး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဗိုလ်မှူးကြီးက ဆက်ပြောသည်။

“ ဒီမိုင်းရှင်းလင်းမှာကို နှစ်ပတ်အချိန် ယူထားတယ်။ ရှင်းဖို့အတွက် လူအင်အားလည်း အပြည့် ဖြည့်ထားတယ်။ အခုက ကျနော်တို့ ပထမဆုံးအဆင့် အနေနဲ့ လမ်းဘေး ဝဲယာ တစ်ဖက်တစ်ချက်ကိုပဲ ရှင်းတာပါ။ အခု လောလောဆယ်နော်။ ကားလမ်းအနီး ကျေးရွာဒေသခံတွေက ကျနော်တို့ ရှင်းလင်းနေစဉ် ဟိုနေရာလေး ဒီနေရာလေးကို ရှင်းပေးခဲ့ပါလို့ တောင်းဆိုလာရင် ရှင်းပေးသွားမှာ ဖြစ်တယ်ခဗျာ။ မိုင်းပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တဲ့ ကျေးရွာအနီးတစ်ဝိုက်ကိုတော့ နောက်မှ ရှင်းလင်းသွားဖို့ရှိတယ်။  အခုက ကျနော်တို့ ပထမအဆင့် ရှင်းတာပါ” ဟုပြောသည်။

ရခိုင်ပြည်နယ်အတွင်း မိုင်းပေါက်ကွဲမှုဖြင့် လူအများအပြား သေဆုံးမှုများ ရှိနေသဖြင့် စစ်ဘေးရှောင်ပြည်သူများမှာ ၎င်းတို့၏ နေရပ်ဒေသအသီးသီးသို့ ပြန်ရန်စိုးရိမ်မှုများရှိနေကြောင်း သိရှိရသည်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) ၏ ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် စစ်ပွဲ ၂ နှစ်တာကာလတွင် မြေမြုပ်မိုင်းနှင့် စစ်ကျန်စစ်လက်နက်ပစ္စည်းများ ပေါက်ကွဲ၍ လူပေါင်း ၃၀ ကျော်သေဆုံးပြီး ၇၀ နီးပါးခန့် ဒဏ်ရာရရှိခဲ့သည်ဟု သိရှိရသည်။

(ဓာတ်ပုံ- သတင်းမှန်ပြန်ကြားရေးအဖွဲ့)

ဓာတ်ပုံ - စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ မြင်ကွင်း။ Photo: Narinjara / AA
August 10, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ကျောက်ကြီးကျေးရွာ အနီးဝန်းကျင်နှင့် ဆေးရုံအနီးတို့ကို စစ်တပ်က...
August 8, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ကို အာရက္ခတပ်တော် (AA) ဝင်ရောက်တိုက်ခိုက်လာနိုင်သည်ဟု ယူဆနေသည့် စစ်အုပ်စု...
August 7, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့ပေါ် ရပ်ကွက်ငါးခုနှင့် ကျေးရွာ ၁၀၆ ရွာတို့တွင် ဩဂုတ်လ ၆ ရက်နေ့အထိ...
August 6, 2026
ရခိုင်ပြည်၊ ဂွနှင့် သံတွဲမြို့နယ်တို့၏ ကောင်းကင်ယံတွင် စစ်တပ်၏ လေယာဉ်များ...