တပ်မတော်အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒထုတ်ဖော်ထုတ်ရာတွင်ပါဝင်သည့် ဂွမြို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦး ဖမ်းဆီးခံရ

တပ်မတော်အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒထုတ်ဖော်ထုတ်ရာတွင်ပါဝင်သည့် ဂွမြို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦး ဖမ်းဆီးခံရ
ဓာတ်ပုံ - ဖမ်းဆီးခံလိုက်ရသည့် ဦးလူနီနှင့် သူ့အား ဖမ်းဆီးခေါ်ဆောင်သွားသည်ကိုတွေ့ရစဉ်။
ဓာတ်ပုံ - ဖမ်းဆီးခံလိုက်ရသည့် ဦးလူနီနှင့် သူ့အား ဖမ်းဆီးခေါ်ဆောင်သွားသည်ကိုတွေ့ရစဉ်။

ဆောင်းဇာခြည် — တပ်မတော်အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သည့် ဂွမြို့၊ ရွာမရပ်ကွက်မှ အုပ်ချုပ်ရေးမှူးဟောင်း ဦးလူနီအား ယနေ့ နံနက် ၇ နာရီခန့်က တပ်မတော်သားအချို့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

ဦးလူနီမှာ သူ့၏လုပ်ငန်းခွင်အတွင်း မုန့်စားနေစဉ် တပ်မတော်သားအချို့က လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သမီးဖြစ်သူ မမေဇင်ဦးက ပြောသည်။

“အခု ၅၆၂ တပ်ရင်းမှာလို့တော့ သိရပါတယ်။ အခု ဖုန်းဆက်လို့လည်း မရတော့ဘူး။ စက်ပိတ်နေတယ်။ ဘာကြောင့်ဖမ်းမှန်းလည်း မသိရပါဘူး။” ဟု ပြောသည်။

ဖခင် ဦးလူနီဖမ်းဆီးခေါ်ဆောင်ခံရ၍ မိသားစုဝင်များ စိုးရိမ်နေသည်ဟုလည်း ဆိုသည်။

ဦးလူနီသည် ဖဖော်ဝါရီ ၈ ရက်နေ့က ဂွမြို့တွင် တပ်မတော်အာဏာသိမ်းမှုအား ဆန့်ကျင်ဆန္ဒပြရာ၌ ပါဝင်ခဲ့သည့်အတွက် ယခုကဲ့သို့ ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။

တပ်မတော်အာဏာသိမ်းမှုအား ဆန့်ကျင်ဆန္ဒပြပြီးနောက် ဂွမြို့တွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုအပါအဝင် ၅ ဦးအထိရှိနေပြီဖြစ်ကြောင်းလည်း ဂွမြို့ ဒေသခံ ဦးဟိန်းမင်းဇော်က ပြောသည်။

“ဝန်ကြီးချုပ်ရဲ့ PSO ဦးကြည်စိုးထွန်းကိုလည်း မနေ့က ဖမ်းသွားပါတယ်။ သူ့ရဲ့နေအိမ်ကပဲ ဖမ်းသွားတာပါ။ ကျွန်တော်တို့ဆီမှာ ဂွမှာ တပ်ရင်းနှစ်ခုရှိတယ်။ ၅၆၂ နဲ့ ၅၆၃ တပ်ရင်းနှစ်ခုရှိတယ်။ အဲဒီထဲက ၅၆၂ တပ်ရင်းထဲမှာလို့ အခု ဦးလူနီကို ဖမ်းထားတယ်လို့ ကျွန်တော်တို့ သတင်းရပါတယ်။” ဟု ပြောသည်။

အဆိုပါ ဖမ်းဆီးခြင်းခံထားရသူ ၅ ဦးမှာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ ဝန်ကြီးချုပ် ဦးညီပု၏ PSO ဦးကြည်စိုးထွန်း၊ ဂွမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးအောင်မြင့်ဆန်း၊ အနိုင်ရ NLD ဂွမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲခေါင်ညွန့်၊ ရွာမရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း ဦးလူနီတို့ဖြစ်ကြကြောင်း သိရသည်။

May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...