တပ်မတော်ကို ထောက်ခံကြိုဆိုကြောင်း သံတွဲမြို့တွင် လူပေါင်း ၃၀၀၀ ခန့် ဆန္ဒဖော်ထုတ်

တပ်မတော်ကို ထောက်ခံကြိုဆိုကြောင်း သံတွဲမြို့တွင် လူပေါင်း ၃၀၀၀ ခန့် ဆန္ဒဖော်ထုတ်

ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် ယနေ့ နေ့လယ် ၁၂ နာရီအချိန်ခန့်က စတင်ပြီး မွန်းလွဲ ၂ နာရီကျော် အချိန်အထိ လူပေါင်း ၃၀၀၀ ခန့်က တပ်မတော်ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း ဆန္ဒဖော်ထုတ်သူများက ပြောသည်။

အဆိုပါဆန္ဒထုတ်ဖော်သူများသည် သံတွဲမြို့အားကစားရုံမှ စတင်ထွက်ခွာပြီး မြို့ကိုပတ်ခဲ့ကာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်ဟု သိရှိရသည်။

ဆန္ဒဖော်ထုတ်သူများသည် "နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ထောက်ခံပါသည်”၊ “  ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးကို ပူးပေါင်းဆောင်ရွက်မည်”၊ စစ်မှန်သောဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်မည့် တပ်မတော်အားထောက်ခံပါသည်” ၊ “ တိုင်းရင်းသားများကို ကိုယ်ချင်းစာပါ၊ နိုင်ငံရေးထွက်ပေါက်ပေးပါ” ။ “ Thanks for Dr Aye Mg” စသည့် ဗီနိုင်းများ၊ ပိုစတာများကို ကိုင်ဆောင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်ဟု သိရသည်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...