တပ်မတော်ကို ထောက်ခံကြိုဆိုကြောင်း သံတွဲမြို့တွင် လူပေါင်း ၃၀၀၀ ခန့် ဆန္ဒဖော်ထုတ်

တပ်မတော်ကို ထောက်ခံကြိုဆိုကြောင်း သံတွဲမြို့တွင် လူပေါင်း ၃၀၀၀ ခန့် ဆန္ဒဖော်ထုတ်

ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် ယနေ့ နေ့လယ် ၁၂ နာရီအချိန်ခန့်က စတင်ပြီး မွန်းလွဲ ၂ နာရီကျော် အချိန်အထိ လူပေါင်း ၃၀၀၀ ခန့်က တပ်မတော်ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း ဆန္ဒဖော်ထုတ်သူများက ပြောသည်။

အဆိုပါဆန္ဒထုတ်ဖော်သူများသည် သံတွဲမြို့အားကစားရုံမှ စတင်ထွက်ခွာပြီး မြို့ကိုပတ်ခဲ့ကာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်ဟု သိရှိရသည်။

ဆန္ဒဖော်ထုတ်သူများသည် "နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ထောက်ခံပါသည်”၊ “  ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးကို ပူးပေါင်းဆောင်ရွက်မည်”၊ စစ်မှန်သောဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်မည့် တပ်မတော်အားထောက်ခံပါသည်” ၊ “ တိုင်းရင်းသားများကို ကိုယ်ချင်းစာပါ၊ နိုင်ငံရေးထွက်ပေါက်ပေးပါ” ။ “ Thanks for Dr Aye Mg” စသည့် ဗီနိုင်းများ၊ ပိုစတာများကို ကိုင်ဆောင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်ဟု သိရသည်။

ဓာတ်ပုံ - စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ မြင်ကွင်း။ Photo: Narinjara / AA
August 10, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ကျောက်ကြီးကျေးရွာ အနီးဝန်းကျင်နှင့် ဆေးရုံအနီးတို့ကို စစ်တပ်က...
August 8, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ကို အာရက္ခတပ်တော် (AA) ဝင်ရောက်တိုက်ခိုက်လာနိုင်သည်ဟု ယူဆနေသည့် စစ်အုပ်စု...
August 7, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့ပေါ် ရပ်ကွက်ငါးခုနှင့် ကျေးရွာ ၁၀၆ ရွာတို့တွင် ဩဂုတ်လ ၆ ရက်နေ့အထိ...
August 6, 2026
ရခိုင်ပြည်၊ ဂွနှင့် သံတွဲမြို့နယ်တို့၏ ကောင်းကင်ယံတွင် စစ်တပ်၏ လေယာဉ်များ...