အာဏာရှင်ဖီဆန်တဲ့ လူထုလှုပ်ရှားမှု ပြုလုပ်တဲ့ ထွေအုပ်ဝန်ထမ်းနှစ်ဦး တာဝန်မှယာယီရပ်ဆိုင်းခံရ

အာဏာရှင်ဖီဆန်တဲ့ လူထုလှုပ်ရှားမှု ပြုလုပ်တဲ့ ထွေအုပ်ဝန်ထမ်းနှစ်ဦး တာဝန်မှယာယီရပ်ဆိုင်းခံရ

အာဏာရှင်ကို ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ လွိုင်ကော်ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှူးနဲ့ နန်းမယ်ခုံမြို့ အုပ်ချုပ်ရေးမှူးကို တာဝန်မှယာယီရပ်ဆိုင်းထားတယ်လို့ ဖေဖော်ဝါရီလ ၁၁ရက်နေ့စွဲနဲ့ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက စာထုတ်ပြန်ခဲ့ပါတယ်။

ဒါဟာ ကယားပြည်နယ်မှာ အာဏာရှင်ကို ဖီဆန်တဲ့ လူထုလှုပ်ရှားမှုမှာပါဝင်တဲ့ အစိုးရဝန်ထမ်းတွေထဲက ပထမဆုံး အရေးယူလိုက်တဲ့ အမှုဖြစ်ပါတယ်။

ကယားပြည်နယ်မှာ အာဏာရှင်ဖီဆန်တဲ့ လူထုလှုပ်ရှားမှုကို ဌာနဆိုင်ရာအများအပြားပါဝင်ခဲ့ပြီး တစ်ရက်ပြီးတစ်ရက်လူထုပါဝင်မှု ပိုမိုအားကောင်းလာတာကိုတွေ့ရပါတယ်။

ဒီးမော့ဆိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနက ဝန်ထမ်းတွေလည်း အာဏာဖီဆန်တဲ့ လူထုလှုပ်ရှားမှုပြုလုပ်တယ်ဆိုပြီး မြို့နယ်အုပ်ချုပ်ရေးမှူးဦးဉာဏ်လှိုင်က တိုင်ကြားတာတွေလည်းရှိခဲ့ပါတယ်။

Most read this week

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...