အာဏာရှင်ဖီဆန်တဲ့ လူထုလှုပ်ရှားမှု ပြုလုပ်တဲ့ ထွေအုပ်ဝန်ထမ်းနှစ်ဦး တာဝန်မှယာယီရပ်ဆိုင်းခံရ

အာဏာရှင်ဖီဆန်တဲ့ လူထုလှုပ်ရှားမှု ပြုလုပ်တဲ့ ထွေအုပ်ဝန်ထမ်းနှစ်ဦး တာဝန်မှယာယီရပ်ဆိုင်းခံရ

အာဏာရှင်ကို ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ လွိုင်ကော်ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှူးနဲ့ နန်းမယ်ခုံမြို့ အုပ်ချုပ်ရေးမှူးကို တာဝန်မှယာယီရပ်ဆိုင်းထားတယ်လို့ ဖေဖော်ဝါရီလ ၁၁ရက်နေ့စွဲနဲ့ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက စာထုတ်ပြန်ခဲ့ပါတယ်။

ဒါဟာ ကယားပြည်နယ်မှာ အာဏာရှင်ကို ဖီဆန်တဲ့ လူထုလှုပ်ရှားမှုမှာပါဝင်တဲ့ အစိုးရဝန်ထမ်းတွေထဲက ပထမဆုံး အရေးယူလိုက်တဲ့ အမှုဖြစ်ပါတယ်။

ကယားပြည်နယ်မှာ အာဏာရှင်ဖီဆန်တဲ့ လူထုလှုပ်ရှားမှုကို ဌာနဆိုင်ရာအများအပြားပါဝင်ခဲ့ပြီး တစ်ရက်ပြီးတစ်ရက်လူထုပါဝင်မှု ပိုမိုအားကောင်းလာတာကိုတွေ့ရပါတယ်။

ဒီးမော့ဆိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနက ဝန်ထမ်းတွေလည်း အာဏာဖီဆန်တဲ့ လူထုလှုပ်ရှားမှုပြုလုပ်တယ်ဆိုပြီး မြို့နယ်အုပ်ချုပ်ရေးမှူးဦးဉာဏ်လှိုင်က တိုင်ကြားတာတွေလည်းရှိခဲ့ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုမြို့နယ်
May 8, 2026
မေလ ၆ရက်နေ့မှာ ကျရောက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို (DMO Local PDF)ရဲ့ တပ်တည်ထောင်ခြင်း (...
May 7, 2026
ဧပြီလအကုန် မေလအစမှာ ဓာတ်ဆီဈေးတွေ အနည်းငယ် ပြန်လည်ကျလာတာကြာင့် ကရင်နီပြည်၊...
May 5, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ထဲက စစ်ဘေးရှောင်တချို့ဟာ ဆေးဝါးမလုံလောက်မှု၊...
May 4, 2026
ထိုင်း-ကရင်နီနယ်စပ်က ကရင်နီဒုက္ခသည်စခန်းအမှတ်(၁)မှာ ဧပြီလ ဒုတိယပတ်ကစပြီး ဝက်နာမကျန်းမှု...