ဒီးမော့ဆိုကနေ လွိုင်ကော်မြို့သို့ ဆန္ဒပြပူးပေါင်းတဲ့ သူတွေကို အပြန်လမ်းမှာ ရဲတွေက ဖမ်းဆီးခေါ်ဆောင်သွား

ဒီးမော့ဆိုကနေ လွိုင်ကော်မြို့သို့ ဆန္ဒပြပူးပေါင်းတဲ့ သူတွေကို အပြန်လမ်းမှာ ရဲတွေက ဖမ်းဆီးခေါ်ဆောင်သွား

ဒီကနေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ ဒီးမော့ဆိုကနေ လွိုင်ကော်မြို့သို့ ဆန္ဒပြပူးပေါင်းတဲ့ သူတွေကို အပြန်လမ်းမှာ ရဲတွေက ဖမ်းဆီးခေါ်ဆောင်သွားလိုက်ပါတယ်။

မျက်မြင်သက်သေတစ်ဦးက “စစ်မေးတာပဲတွေ့လိုက်တယ်။ ပါသွားတဲ့သူတွေက ရပ်ကွက်ထဲကလူတွေပဲ။ ဒေါငံခါးကလူတွေပါတယ်။ ပြည်သူတွေပဲ ရပ်ကွက်ထဲက ၂ယောက် ဈေးကုန်းဘက်က ၂ ယောက် ကျန်တဲ့သူမမှတ်မိဘူး။ မိန်းခလေးလည်းပါတယ်။ ဆရာ/မ တွေလည်းခေါ်သွားတယ်။ ရပ်ထားတဲ့ကားတွေအကုန်ခေါ်သွားတာ။” လို့ပြောပါတယ်။

အခု ဖမ်းဆီးသူတွေ ပြန်လွှတ်ပေးဖို့ ဒီးမော့ဆိုမြို့မ ရဲစခန်းမှာ ပြည်သူတွေ သွားရောက်တောင်းဆိုနေကြပါတယ်။

ဖမ်းဆီးထားတဲ့သူတွေ ဒီးမော့ဆိုမြို့မရဲစခန်းမှာမရှိဘူးလို့ သက်ဆိုင်ရာက ငြင်းဆိုနေပါတယ်။ ဖမ်းဆီးစဉ် ဒီးမော့ဆိုရဲစခန်းက တာဝန်ရှိသူတွေက တားဆီးပေးလိုက်ခြင်းကြောင့် အခုလိုတောင်းဆိုနေရတာလို့လည်း ပြည်သူတွေက ပြောနေပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုမြို့နယ်
May 8, 2026
မေလ ၆ရက်နေ့မှာ ကျရောက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို (DMO Local PDF)ရဲ့ တပ်တည်ထောင်ခြင်း (...
May 7, 2026
ဧပြီလအကုန် မေလအစမှာ ဓာတ်ဆီဈေးတွေ အနည်းငယ် ပြန်လည်ကျလာတာကြာင့် ကရင်နီပြည်၊...
May 5, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ထဲက စစ်ဘေးရှောင်တချို့ဟာ ဆေးဝါးမလုံလောက်မှု၊...
May 4, 2026
ထိုင်း-ကရင်နီနယ်စပ်က ကရင်နီဒုက္ခသည်စခန်းအမှတ်(၁)မှာ ဧပြီလ ဒုတိယပတ်ကစပြီး ဝက်နာမကျန်းမှု...