စစ်အာဏာရှင်ဆန္ဒပြကန့်ကွက်တဲ့ အထွေထွေအုပ်ချုပ်ရေးရုံးဝန်ထမ်းတွေ တိုင်ကြားခံရ

စစ်အာဏာရှင်ဆန္ဒပြကန့်ကွက်တဲ့ အထွေထွေအုပ်ချုပ်ရေးရုံးဝန်ထမ်းတွေ တိုင်ကြားခံရ

စစ်အာဏာရှင်စနစ်ကိုပြည်သူတွေနဲ့ပူးပေါင်းဆန္ဒပြခဲ့တဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးဝန်ထမ်းတွေကို မြို့နယ်ထွေထွေအုပ်ချုပ်ရေးမှူးရဲ့ တိုင်ကြားမှုတွေခံနေပါတယ်။

ဒီးမော့ဆိုမြို့မှာ စစ်အာဏာရှင်ကိုဆန့်ကျင်တဲ့ဝန်ထမ်းတွေတိုင်ကြားခံရလို့ လူထုတွေက မနေ့က ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ဒီးမော့ဆို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဉာဏ်လှိုင်ကို ဆန္ဒပြခဲ့ကြပါတယ်။

ဘုရားဖြူအုပ်ချုပ်ရေးမှူး ဦးဝေလင်းမူး က “ အခုကျနော်လာရတဲ့ရည်ရွယ်ချက်က စစ်အာဏာရှင်စနစ် အရင်တုန်းက ဖက်ဆစ်စနစ် နယ်ချဲ့စနစ်ကိုတွန်းလှန်ခဲ့ကြတဲ့ပြည်သူတွေဟာ အခုချိန်မှာ စစ်အာဏာရှင်စနစ်လည်း တွန်းလှန်ဖို့လိုတယ်။ အဲ့လိုတွန်းလှန်ဖို့ဆိုရင် ကျနော်တို့ တစ်ဦးတစ်ယောက်နဲ့မဖြစ်ပါဘူး ကျနော်တို့ ပြည်သူတွေ ဌာနဆိုင်ရာတွေ အခုဆိုရင် ကျန်းမာရေးဝန်ထမ်းတို့ ပညာရေးဝန်ထမ်းတို့ ဒါတွေအကုန်လုံးပါလာကြပြီ အခုဆိုရင် ထွေအုပ်ဝန်ထမ်းတို့ပါလာကြပြီ အဲ့ဒါကြောင့် ကျနော်တို့ လည်း သူတို့နည်းတူ ပါဝင်လာကြပြီ အုပ်စုအုပ်ချုပ်ရေးမှူးတွေလည်း သူတို့နည်းတူ ပါဝင်လာကြခြင်းဖြစ်ပါတယ်။ “

ထွေအုပ်ဝန်ထမ်းတွေကို မြို့နယ်အုပ်ချုပ်ရေးမှူးဦးဉာဏ်လှိုင်က တိုင်ကြားတာဖြစ်ပြီး ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ပြည်နယ်ကလာစစ်မယ်လို့ ကြားသိရပေမယ့်လို့ လူထုတွေ ဆန္ဒပြခဲ့ကြလို့ စစ်ဆေးမှုတွေ မပြုလုပ်နိုင်ခဲ့ပါဘူး။

လာရောက်ဝန်းရံသူတွေထဲမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေပါဝင်ပြီး ထီးဖိုးကလိုးရပ်ကျေးအုပ်ချုပ်ရေးမှူးက ဦးသဲရယ်က လာရောက်ဝန်းရံတဲ့ ရည်ရွယ်ချက်ကို အခုလိုပြောပြပါတယ်။ “အဓိက ကျနော်တို့က လူထုတင်မြောက်တဲ့ ရပ်ကျေးအစိုးရဖြစ်တယ်။

ဒီအချိန်မှာ လူထုနဲ့တစ်သားတည်းဖြစ်ဖို့ လာရောက်ဝန်းရံခြင်းဖြစ်ပါတယ်။ လူထုရဲ့ဆန္ဒကို ဝန်ရံပေးဖို့ တာဝန်ရှိတဲ့အတွက် ကျနော်တို့ လာရောက်ဝန်းရံခြင်းဖြစ်ပါတယ်။”

ပြည်နယ်စာရင်းစစ်ကလာမစစ်ဖြစ်တဲ့အတွက် ထွေအုပ်ဝန်ထမ်းတွေ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ လူထုတွေဟာ မြို့ပေါ်ပတ်ပြီး ဦးဉာဏ်လှိုင်အလိုမရှိဆိုပြီး ဆန္ဒပြခဲ့ပါတယ်။

“ကျနော်တို့က ပြည်သူနဲ့တစ်သားတည်းပါ။ ကျနော်တို့က ပြည်သူနဲ့တစ်သားတည်းဆိုတော့ ပြည်သူရှိလို့ ကျနော်တို့ ဝန်ထမ်းလည်းရှိတာ အဲ့လိုကို အာဏာသိမ်းတဲ့ စစ်အုပ်စုတစ်ခုနဲ့ ကျနော်တို့ သူတို့လက်အောက်မှာ အလုပ်မလုပ်နိုင်ဘူး။ အလုပ်မဆင်းနိုင်ဘူး။ ကျနော်တို့ အာဏာသိမ်းနေသမျှ အလုပ်ဆက်မလုပ်နိုင်ဘူး။” လို့ ဒီးမော့ဆိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနမှာ တာဝန်ထမ်းဆောင်တဲ့ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေကို ကဒီးမော့ဆိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာတစ်ခုလုံးပါဝင်ခဲ့ပြီး အခြားဌာနဆိုင်ရာနဲ့ ကျောင်းသားတွေကလည်း ပြုလုပ်ကြပါတယ်။

ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...
August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...
ဓာတ်ပုံ - Crd
August 26, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ တောင်ယာလုပ်ငန်းခွင် နေရာကို ယမန်နေ့ ဩဂုတ်လ ၂၅ ရက်...