ချင်းပြည်နယ်အုပ်ချုပ်ရေးမူးမှ ဆန္ဒဖော်ထုတ်သူများကို မနက်ဖြန်ရုံးတက်ရန်တိုက်တွန်း

ချင်းပြည်နယ်အုပ်ချုပ်ရေးမူးမှ ဆန္ဒဖော်ထုတ်သူများကို မနက်ဖြန်ရုံးတက်ရန်တိုက်တွန်း

ချင်းပြည်နယ် ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးတိုးဝင်းမှ ယနေ့ ဆန္ဒဖော်ထုတ်သူ အထွေထွေအုပ်ချုပ်ရေးအဖွဲ့ဝန်ထမ်းများကို ယနေ့အတွက် နားလည်ပေးပြီး မနက်ဖြန်ရုံးတက်ကြရန် တိုက်တွန်းထားကြောင်းသိရသည်။

"ကျွန်တော်တို့ နားလည်ပေးတယ်၊လူဆိုတာခံစားချက်ကိုယ်စီရှိကြပါတယ်၊မင်းတို့ ခံစားချက်ကို ပြခဲ့ပြီ ၊မင်းတို့ကို လမ်းမှားသွားတယ်လို့ ပြောချင်တာမဟုတ်ဘူး၊ မင်းတို့က မကြိုက်ဘူးဆိုတာကို ထုတ်ဖော်ကြပြီ၊လုံလောက်ပြီ၊ မနက်ဖြန်ရုံးပြန်တက်ကြပါ လို့သူပြောတယ်၊တခြားဌာနတွေက ဓာတ်ပုံတွေနဲ့ပဲ ဖော်ပြကြတယ်၊ခင်ဗျားတို့က လမ်းပေါ်ထွက်ပြီး ဆန္ဒတောင် ဖော်ထုတ်ကြတယ်၊လမ်းပေါ်ထွက်တော့ Social Media ခေတ်ဆိုတော့ Line ပေါ်မှာ အကုန်ပါလာတယ်၊ရုံးချုပ်ကလည်း ကျွန်တော်တို့ကိုပြောနေပြီ ခင်ဗျားလက်အောက်က လူကို ဘာလို့ကောင်းကောင်းမကြည့်နိုင်ဘူးလားလို့ပြောနေကြတယ်တဲ့၊သူတို့ကလည်း နားလည်တယ်၊ခင်ဗျားတို့ကိုလည်း နားလည်ပေးတယ် မနက်ဖြန်တော့ ရုံးပြန်တက်ကြပါလို့ပြောတယ် " ဟု အမည်မဖော်လိုသူ ချင်းပြည်နယ်အစိုးရဝန်ထမ်းတစ်ဦးမှ ပြောပြသည်။

ယနေ့ညနေပိုင်းတွင် ပြည်နယ်အုပ်ချုပ်ရေးမှူးမှ ဆန္ဒထုတ်ဖော်သူများဖြစ်သော ပြည်နယ်ထွေအုပ်မှ ဝန်ထမ်းများကို ရုံးတွင်ယနေ့ ပြန်လည်ဆင့်ခေါ်ထားခြင်းဖြစ်သည်။

လက်ရှိချင်းပြည်နယ် အစိုးရအဖွဲ့ ဝန်ထမ်းတွင် ၂၀၀ ၀န်းကျင်ရှိပြီး ယနေ့ ဟားခါးမြို့ ဆန္ဒထုတ်ဖော်ပွဲတွင်၈၀ ခန့်သာပါဝင်ပြီးပါ၀င်သည့်ထွေအုပ်၀န်ထမ်းများသည် ခရိုင်ထွေအုပ်နှင့် မြို့နယ်ထွေအုပ်အဆင့်၀န်ထမ်းများပါဝင်ကြကြောင်းလည်း သိရသည်။

ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...
August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...