ချင်းပြည်နယ်အုပ်ချုပ်ရေးမူးမှ ဆန္ဒဖော်ထုတ်သူများကို မနက်ဖြန်ရုံးတက်ရန်တိုက်တွန်း

ချင်းပြည်နယ်အုပ်ချုပ်ရေးမူးမှ ဆန္ဒဖော်ထုတ်သူများကို မနက်ဖြန်ရုံးတက်ရန်တိုက်တွန်း

ချင်းပြည်နယ် ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးတိုးဝင်းမှ ယနေ့ ဆန္ဒဖော်ထုတ်သူ အထွေထွေအုပ်ချုပ်ရေးအဖွဲ့ဝန်ထမ်းများကို ယနေ့အတွက် နားလည်ပေးပြီး မနက်ဖြန်ရုံးတက်ကြရန် တိုက်တွန်းထားကြောင်းသိရသည်။

"ကျွန်တော်တို့ နားလည်ပေးတယ်၊လူဆိုတာခံစားချက်ကိုယ်စီရှိကြပါတယ်၊မင်းတို့ ခံစားချက်ကို ပြခဲ့ပြီ ၊မင်းတို့ကို လမ်းမှားသွားတယ်လို့ ပြောချင်တာမဟုတ်ဘူး၊ မင်းတို့က မကြိုက်ဘူးဆိုတာကို ထုတ်ဖော်ကြပြီ၊လုံလောက်ပြီ၊ မနက်ဖြန်ရုံးပြန်တက်ကြပါ လို့သူပြောတယ်၊တခြားဌာနတွေက ဓာတ်ပုံတွေနဲ့ပဲ ဖော်ပြကြတယ်၊ခင်ဗျားတို့က လမ်းပေါ်ထွက်ပြီး ဆန္ဒတောင် ဖော်ထုတ်ကြတယ်၊လမ်းပေါ်ထွက်တော့ Social Media ခေတ်ဆိုတော့ Line ပေါ်မှာ အကုန်ပါလာတယ်၊ရုံးချုပ်ကလည်း ကျွန်တော်တို့ကိုပြောနေပြီ ခင်ဗျားလက်အောက်က လူကို ဘာလို့ကောင်းကောင်းမကြည့်နိုင်ဘူးလားလို့ပြောနေကြတယ်တဲ့၊သူတို့ကလည်း နားလည်တယ်၊ခင်ဗျားတို့ကိုလည်း နားလည်ပေးတယ် မနက်ဖြန်တော့ ရုံးပြန်တက်ကြပါလို့ပြောတယ် " ဟု အမည်မဖော်လိုသူ ချင်းပြည်နယ်အစိုးရဝန်ထမ်းတစ်ဦးမှ ပြောပြသည်။

ယနေ့ညနေပိုင်းတွင် ပြည်နယ်အုပ်ချုပ်ရေးမှူးမှ ဆန္ဒထုတ်ဖော်သူများဖြစ်သော ပြည်နယ်ထွေအုပ်မှ ဝန်ထမ်းများကို ရုံးတွင်ယနေ့ ပြန်လည်ဆင့်ခေါ်ထားခြင်းဖြစ်သည်။

လက်ရှိချင်းပြည်နယ် အစိုးရအဖွဲ့ ဝန်ထမ်းတွင် ၂၀၀ ၀န်းကျင်ရှိပြီး ယနေ့ ဟားခါးမြို့ ဆန္ဒထုတ်ဖော်ပွဲတွင်၈၀ ခန့်သာပါဝင်ပြီးပါ၀င်သည့်ထွေအုပ်၀န်ထမ်းများသည် ခရိုင်ထွေအုပ်နှင့် မြို့နယ်ထွေအုပ်အဆင့်၀န်ထမ်းများပါဝင်ကြကြောင်းလည်း သိရသည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...