တီးတိန်တွင် Civil Disobedience Movement တွင်ပါဝင်သော ကျန်းမာရေးဝန်ထမ်းများ၏ စာရင်း လိုက်လံကောက်ခံနေ

တီးတိန်တွင် Civil Disobedience Movement တွင်ပါဝင်သော ကျန်းမာရေးဝန်ထမ်းများ၏ စာရင်း လိုက်လံကောက်ခံနေ

တပ်မတော်စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် Civil Disobedience Movement တွင် ပါဝင်ခဲ့ကြသော ချင်းပြည်နယ် တီးတိန်မြို့ရှိ ကျန်းမာရေးဝန်ထမ်းများ၏ စာရင်းကို တီးတိန်မြို့၊ မြို့မိ မြို့ဖများက လိုက်လံကောက်ခံနေကြောင်း သိရသည်။

 

တီးတိန်မြို့မှ လူငယ်ခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုမုန်နိုးက “တီးတိန်းမြို့၊ မြို့မိ မြို့ဖတွေက ဆေးရုံမတက်တဲ့စာရင်းကို ယူသွားတယ်။ သူတို့အဓိကယူတဲ့ဟာက တစ်အိမ်တက်တစ်အိမ်ဆင်းလုပ်ပြီးတော့မှ စည်းရုံးရေးသွားမယ်ပေါ့။ ဆေးရုံပြန်တက်ပေးပါဆိုပြီးတော့ အဲ့လိုမျိုးပုံစံလုပ်ချင်တယ်။ အခြေနေအရပေါ့ သူတို့ကလည်း စာထုတ်ပြီးတော့ ပူးတွဲတင်လိုက်တယ်” ဟု ပြောသည်။

 

ဖေဖော်ဝါရီ ၁ ရက်တွင် မြန်မာ့တပ်မတော်က နိုင်ငံတော်ကို အာဏာသိမ်းယူခဲ့ခြင်းကြောင့် ချင်းပြည်နယ်၊ တီးတိန်မြို့၊ ပြည်သူ့ဆေးရုံမှ ဆရာဝန်များနှင့် ဌာနအသီးသီးမှ ဝန်ထမ်းများက တပ်မတော်အစိုးရလက်အောက်တွင် အလုပ်တာဝန်များ ဆက်လက်လုပ်ကိုင်ခြင်းမပြုလိုဘဲ မိမိတို့၏ဆန္ဒကို ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်သည့်အနေဖြင့် Civil Disobedience Movement (CDC) တွင် ပါဝင်ခဲ့ကြခြင်းဖြစ်သည်။

 

“CDM ကို ထောက်ခံသင့်တယ်။ နိုင်ငံဝန်ထမ်းတွေ ပါဝင်သင့်တယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့ သူတွေအတွက်ဆိုရင် (CDM) ပါဝင်တဲ့ ဝန်ထမ်းတွေအတွက် အနောက်ကနေ ဘယ်လိုထောက်ပံ့နိုင်သလဲဆိုတာ စဉ်းသင့်တယ်လို့ ကျွန်တော်မြင်တယ်” ဟုပြောသည်။

 

တီးတိန်မြို့ Civil Disobedience Movement တွင်ပါဝင်သော ကျန်းမာရေးဝန်ထမ်းများကို အရပ်ဘက်အဖွဲ့အစည်းများ၏ ထောက်ပံ့မှုဖြင့် ပြင်ပတွင် ဆေးခန်းဖွင့်နိုင်ရန် ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

 

လက်ရှိတွင် တီးတိန်မြို့၌ ပြည်သူလူထုများ ကျန်းမာရေးစောင့်ရှောက်မှုရရှိနိုင်ရန်အတွက် ပြင်ပဆေးကုခန်းများကို တိမောသေ (Bible School) နှင့် ကျန်းမာရေးဝန်ထမ်းအချို့က စတင်ဖွင့်လှစ်နေပြီး ကျန်းမာရေးစောင့်ရှောက်မှုကို အခမဲ့ ကြည့်ရှုပေးသွားမည်ကြောင်းသိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...