ရှမ်းပြည်နယ် လွှတ်တော်ရုံးဝန်ထမ်းများ Civil Disobedience Movement တွင် ပါဝင်မည်

ရှမ်းပြည်နယ် လွှတ်တော်ရုံးဝန်ထမ်းများ Civil Disobedience Movement တွင် ပါဝင်မည်
by -
ယိင်းတိုင်း (သျှမ်းသံတော်ဆင့်)

ပြည်သူများ၏အခွန်ဖြင့် လစာယူနေသည့် လွှတ်တော်ဝန်ထမ်းများအနေဖြင့် ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူတို့၏မျှော်လင့်ချက် လွှတ်တော်ကဖော်ဆောင်ရွက်ဟူသည့် ဆောင်ပုဒ်အတိုင်း  ပြည်သူတို့နှင့် တစ်သားတည်းရပ်တည်ပြီး Civil Disobedience Movement တွင် ပါဝင်သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်လွှတ်တော် ရုံးဝန်ထမ်းများက ဖော်ဖော်ဝါရီ ၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို မလိုက်နာပဲ အာဏာရှင်တစ်စုက ဒီမိုကရေစီကို ဆန့်ကျင်သည့်လုပ်ရပ်ဖြစ်သောကြောင့် လက်နက်အားကိုးဖြင့် နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာတို့အား အကြမ်းဖက်ရယူခဲ့သည်ကို ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချကြောင်း၊ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ရွေးကောက်ခံ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များပါဝင်သည့် တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်အစည်းဝေးတစ်ရပ် အမြန်ဆုံးခေါ်ယူကျင်းပစေလိုကြောင်း ထုတ်ပြန်ကြေငြာချက်တွင် ထည့်သွင်းထားသည်။

ယခုထုတ်ပြန်ချက်သည် လွှတ်တော်ရုံးဝန်ထမ်းအားလုံးကို ကိုယ်စားမပြုဘဲ သဘောတူသည့် ဝန်ထမ်းများကိုသာ ကိုယ်စားပြုကြောင်းလည်း အဆိုပါသဘောထားထုတ်ပြန်ချက်တွင် မှတ်ချက်အနေဖြင့် ထည့်သွင်းဖော်ပြထားသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...