တောင်ကုတ်မြို့နယ် ANP ဒုဥက္ကဌ ဦးဝေသောင်း အပါဝင်(၄) ဦးအမှု သတ်မှတ်ရုံးချိန်းရက် မတိုင်မီ တစ်ရက်ကြိုတင် ရုံးထုတ်စစ်ဆေး

တောင်ကုတ်မြို့နယ် ANP ဒုဥက္ကဌ ဦးဝေသောင်း အပါဝင်(၄) ဦးအမှု သတ်မှတ်ရုံးချိန်းရက် မတိုင်မီ တစ်ရက်ကြိုတင် ရုံးထုတ်စစ်ဆေး

ကိုကိုတိုး - ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှ ရခိုင်အမျိုးသားပါတီ(ANP) ဒုဥက္ကဌ ဦးဝေသောင်း အပါအဝင် ၄ ဦး၏အမှုအား  သတ်မှတ်ရုံးချိန်းရက် မတိုင်မီ ဖေဖော်ဝါရီ ၄ ရက်နေ့တွင် ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ သက်သေအားလုံးစစ်ဆေးပြီးစီး သွားပြီးဖြစ်သည့် အတွက် ၄င်းတို့အား စွဲချက်တင်သင့်၊မတင်သင့် လျှောက်လဲချက်ကွားနာမည့် ဖေဖော်ဝါရီ ၅ ရက် သတ်မှတ်ရုံးချိန်းနေ့တွင် ရုံးမထုတ်ပဲ ယမန်နေ့က ရုံးထုတ်စစ်ဆေးခဲ့ကြောင်း ဦးဝေသောင်း၏သားဖြစ်သူ ကိုဖြိုးဝေလင်းက ပြောသည်။

 “ ဟုတ်ကဲ့ဗျာ။ သူတို့ကို တစ်ရက်ကြိုတင်ပြီး ရုံးချိန်းခေါ်တယ်။ ဒီလိုတစ်ရက် ကြိုတင်ရုံးချိန်း ထုတ်တာက ကိုဗစ်ကာလဖြစ်တယ်လို့ေပြောတယ်။ ပြီးတော့ အုပ်ချုပ်ရေး အကူးအပြောင်းကာလကြောင့်လို့လဲ ပြောပါတယ်။ တရားသူကြီးလည်း အပြောင်းအလဲရှိမယ်လို့ပြောသံကြားတယ် ” ဟု ၄င်းက ပြောသည်။

၄င်းအမှုကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့သို့ထပ်မံရုံးချိန်သတ်မှတ်လိုက်၍ အသစ်ရောက်လာမည့်တရားသူကြီး အမှုကိုဆက်လက်ကြားနာမည်ဟု ထင်မိကြောင်း ၄င်းက ပြောသည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေး ပုဒ်မဖြင့် စွပ်စွဲခံထားရသူ(၄)ဦး၏အမှု အနေအထားသည် ခိုင်လုံသော သက်သေ အထောက်အထားမရှိသေးကြောင်း ၄င်းအမှုနှင့်ပတ်သက်၍ လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေ ဒေါ်သိင်္ဂ ီမောင်က ပြောဆိုသည်။

အဆိုပါအမှုကို ရင်ဆိုင်နေရသူ (၄)ဦးမှာ တောင်ကုတ်မြို့နယ်မှ ရခိုင်အမျိုးသားပါတီ(ANP) ဒုဥက္ကဋ္ဌ ဦးဝေသောင်း၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးဇေယျကျော်၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌဟောင်း ဦးစန်းငွေနှင့် လူမှုရေးလုပ်ငန်းများလုပ်ဆောင်သူ ဦးစည်သူကျော်ဇံ (ခ) ကိုမိုင်ကယ်တို့ဖြစ်သည်။

၄င်းတို့အား ၂၀၂၀ ပြည့်နှစ် မေလအတွင်း ဖမ်းဆီးကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး  ပုဒ်မ ၅၂(က) ဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...