တောင်ကုတ်မြို့နယ် ANP ဒုဥက္ကဌ ဦးဝေသောင်း အပါဝင်(၄) ဦးအမှု သတ်မှတ်ရုံးချိန်းရက် မတိုင်မီ တစ်ရက်ကြိုတင် ရုံးထုတ်စစ်ဆေး

တောင်ကုတ်မြို့နယ် ANP ဒုဥက္ကဌ ဦးဝေသောင်း အပါဝင်(၄) ဦးအမှု သတ်မှတ်ရုံးချိန်းရက် မတိုင်မီ တစ်ရက်ကြိုတင် ရုံးထုတ်စစ်ဆေး

ကိုကိုတိုး - ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှ ရခိုင်အမျိုးသားပါတီ(ANP) ဒုဥက္ကဌ ဦးဝေသောင်း အပါအဝင် ၄ ဦး၏အမှုအား  သတ်မှတ်ရုံးချိန်းရက် မတိုင်မီ ဖေဖော်ဝါရီ ၄ ရက်နေ့တွင် ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ သက်သေအားလုံးစစ်ဆေးပြီးစီး သွားပြီးဖြစ်သည့် အတွက် ၄င်းတို့အား စွဲချက်တင်သင့်၊မတင်သင့် လျှောက်လဲချက်ကွားနာမည့် ဖေဖော်ဝါရီ ၅ ရက် သတ်မှတ်ရုံးချိန်းနေ့တွင် ရုံးမထုတ်ပဲ ယမန်နေ့က ရုံးထုတ်စစ်ဆေးခဲ့ကြောင်း ဦးဝေသောင်း၏သားဖြစ်သူ ကိုဖြိုးဝေလင်းက ပြောသည်။

 “ ဟုတ်ကဲ့ဗျာ။ သူတို့ကို တစ်ရက်ကြိုတင်ပြီး ရုံးချိန်းခေါ်တယ်။ ဒီလိုတစ်ရက် ကြိုတင်ရုံးချိန်း ထုတ်တာက ကိုဗစ်ကာလဖြစ်တယ်လို့ေပြောတယ်။ ပြီးတော့ အုပ်ချုပ်ရေး အကူးအပြောင်းကာလကြောင့်လို့လဲ ပြောပါတယ်။ တရားသူကြီးလည်း အပြောင်းအလဲရှိမယ်လို့ပြောသံကြားတယ် ” ဟု ၄င်းက ပြောသည်။

၄င်းအမှုကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့သို့ထပ်မံရုံးချိန်သတ်မှတ်လိုက်၍ အသစ်ရောက်လာမည့်တရားသူကြီး အမှုကိုဆက်လက်ကြားနာမည်ဟု ထင်မိကြောင်း ၄င်းက ပြောသည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေး ပုဒ်မဖြင့် စွပ်စွဲခံထားရသူ(၄)ဦး၏အမှု အနေအထားသည် ခိုင်လုံသော သက်သေ အထောက်အထားမရှိသေးကြောင်း ၄င်းအမှုနှင့်ပတ်သက်၍ လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေ ဒေါ်သိင်္ဂ ီမောင်က ပြောဆိုသည်။

အဆိုပါအမှုကို ရင်ဆိုင်နေရသူ (၄)ဦးမှာ တောင်ကုတ်မြို့နယ်မှ ရခိုင်အမျိုးသားပါတီ(ANP) ဒုဥက္ကဋ္ဌ ဦးဝေသောင်း၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးဇေယျကျော်၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌဟောင်း ဦးစန်းငွေနှင့် လူမှုရေးလုပ်ငန်းများလုပ်ဆောင်သူ ဦးစည်သူကျော်ဇံ (ခ) ကိုမိုင်ကယ်တို့ဖြစ်သည်။

၄င်းတို့အား ၂၀၂၀ ပြည့်နှစ် မေလအတွင်း ဖမ်းဆီးကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး  ပုဒ်မ ၅၂(က) ဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...