ရခိုင်ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ စစ်တွေတွင် စတင်တာဝန်ထမ်းဆောင်

ရခိုင်ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ စစ်တွေတွင် စတင်တာဝန်ထမ်းဆောင်

ရခိုင်ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်မင်းသည် စစ်တွေတွင် ယနေ့ စတင်တာဝန် ထမ်းဆောင်ပြီး လုပ်ငန်းများ စတင်လုပ်ဆောင်ကြောင်း သတင်းရရှိသည်။

ယနေ့စတင်တာဝန်ထမ်းဆောင်ရာတွင် ယခင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းနှင့် ဌာနဆိုင်ရာအဆင့် တာဝန်ရှိသူတို့ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

ယနေ့ စတင် တာဝန်ထမ်းဆောင်သည့်နေ့တွင်ပင် ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်သည့် ပြည်ထောင်စုနေ့ အခမ်းအနားနှင့် ပတ်သက်ပြီး အကြို ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။

၎င်းဆွေးနွေးပွဲကို ရခိုင်ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်မင်း ဦးဆောင်ပြီး ယနေ့  နေ့လယ် ၂ နာရီက စစ်တွေရှိ ပြည်နယ်အစိုးရရုံး၌ ကျင်းပခဲ့ကြသည်ဟု သိရသည်။

Most read this week

August 11, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ပလက်ဝမြို့ကို စစ်တပ်က ယနေ့နံနက်ပိုင်းတွင် လေကြောင်းမှ...
ဓာတ်ပုံ - AA Info Desk
August 11, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာကို စစ်အုပ်စုက လေကြောင်းမှ...
ဓာတ်ပုံ - စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ မြင်ကွင်း။ Photo: Narinjara / AA
August 10, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ကျောက်ကြီးကျေးရွာ အနီးဝန်းကျင်နှင့် ဆေးရုံအနီးတို့ကို စစ်တပ်က...
August 8, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ကို အာရက္ခတပ်တော် (AA) ဝင်ရောက်တိုက်ခိုက်လာနိုင်သည်ဟု ယူဆနေသည့် စစ်အုပ်စု...