ရခိုင်ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ စစ်တွေတွင် စတင်တာဝန်ထမ်းဆောင်

ရခိုင်ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ စစ်တွေတွင် စတင်တာဝန်ထမ်းဆောင်

ရခိုင်ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်မင်းသည် စစ်တွေတွင် ယနေ့ စတင်တာဝန် ထမ်းဆောင်ပြီး လုပ်ငန်းများ စတင်လုပ်ဆောင်ကြောင်း သတင်းရရှိသည်။

ယနေ့စတင်တာဝန်ထမ်းဆောင်ရာတွင် ယခင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းနှင့် ဌာနဆိုင်ရာအဆင့် တာဝန်ရှိသူတို့ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

ယနေ့ စတင် တာဝန်ထမ်းဆောင်သည့်နေ့တွင်ပင် ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်သည့် ပြည်ထောင်စုနေ့ အခမ်းအနားနှင့် ပတ်သက်ပြီး အကြို ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။

၎င်းဆွေးနွေးပွဲကို ရခိုင်ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်မင်း ဦးဆောင်ပြီး ယနေ့  နေ့လယ် ၂ နာရီက စစ်တွေရှိ ပြည်နယ်အစိုးရရုံး၌ ကျင်းပခဲ့ကြသည်ဟု သိရသည်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...